မွတ်စ်လင်မ့် "အသိ"

August 19, 2009

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၄)

Filed under: ဆွိယာမ်,လမြတ်ရမသွာန် — The Sage @ 1:58 pm

လမြတ် ရမသွာန်၊ ဆွိယာမ် နဲ့ ပတ်သတ်တဲ့ အမိန့်တော် ၊ ထူးမြတ်မှု တွေ ကို ကုရ်အာန် အာယဟ်တော် နဲ့ဆွဟီးဟ်ဟဒီးစ်တော် တွေကို ကိုးကားပြီး
အကျဉ်းရုံး တင်ပြပြီးပါပြီ။ ယခုတစ်ခါ ဆွိယာမ် ရဲ့ ဥပဒေစည်းကမ်းတွေထဲ က အရေးကြီးတဲ့ အချို့အချက်တွေကို အကျဉ်းချုပ်တင်ပြပေးပါဦးမယ်။ဆွိယာမ်
ဟာ အရွယ်ရောက်ပြီးသူ မုစ်လင်မ် အမျိုးသားအမျိုးသမီးများ (ရူးသွပ်နေသူများ၊ နာမကျန်းသူ များ၊ သဘာဝအရ နေထိုင်မကောင်းသူ အမျိုးသမီးများ၊
ခရီးသည်များမှအပ) အပေါ် ဖရသွ် တာဝန်ရှိပါတယ်။ ခေတ္တ နာမကျန်းသူ နဲ့ ခရီးသည် တွေဟာ ပြန်လည် ကျန်းမာလာပြီ၊ ဌာနေရောက်ပြီ ဆိုတာနဲ့ပျက်
ကွက် ခဲ့တဲ့ ဆွိယာမ် အရေအတွက် ကို ပြန် လည်စောင့်ထိန်း ဖို့တာဝန်ရှိပါတယ်။ ဆွိယာမ်မဆောက်တည် နိုင်လောက်အောင် (သို့) ဆွိယာမ်ဆောက်တည်
လိုက်ရင် ကျန်းမာရေး ထိခိုက်နိုင်သူ တွေ အသက်အရွယ်ကြီးရင့်သူများ အနေနဲ့ကတော့အကယ်၍တတ်နိုင်ရင်မရှိဆင်းရဲသားတွေကိုပျက်ကွက်သလောက်
ရက်တွက်ပြီး တစ်နပ်စာ ကျွေးမွေးရပါမယ်။ သဘာဝအရ နေထိုင်မကောင်းသူအမျိုးသမီးတွေ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာနေထိုင်မကောင်းတဲ့ကာ
လပြီးဆုံး မွေးဖွားပြီး ပြန်လည်ပုံမှန် ဖြစ်ပြီပြီဆိုတာနဲ့ ပျက်ကွက်ခဲ့သမျှကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းဖို့တာဝန် ရှိပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် ၂၊ အာယဟ်တော် ၁၈၅ မှာ အလ္လာဟ်အရှင်မြတ်က

……….သို့ဖြစ်လေရာ အသင်တို့အနက်မှ မည်သူမဆို ထို (ရမသွာန်) လမြတ်နှင့် ကြုံကြိုက်ခဲ့ပါလျှင်ထိုသူသည် ယင်းလမြတ်၌
(တလပတ်လုံး) ဥပုသ် သီတင်းဆောက်တည်ရပေမည်။ သို့ရာတွင် အကြင်သူတစ်ဦးတစ်ယောက် သည်တစုံတရာဝေဒနာစွဲကပ်
၍ မကျန်းမမာဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ခရီးထွက်လျက်ရှိနေခဲ့သော် ထိုသူ့အပေါ်ဝယ် အခြားသောနေ့ရက်များတွင် (မိမိ
ပျက်ကွက်ခဲ့သော ဥပုသ် ရက် များကို)တွက်စစ်၍ (ဖြည့်စွက်) ဆောက် တည်ရန် တာဝန်ရှိပေသည်။ အလ္လာဟ်အရှင်မြတ်သည်
အသင်တို့အဘို့သက်သာချောင်ချိမှုကို အလိုရှိတော်မူပေသည်။ အသင်တို့အဖို့ခက်ခဲ မှု ကိုကား (အလျင်း) လိုလားတော် မူသည်
မဟုတ်ချေ။ ထို့ပြင်တဝ(အလ္လာဟ်အရှင်မြတ်သည်) အသင်တို့ (ပျက်ကွက်ခဲ့သော နေ့ရက်) အရေအတွက်ကိုပြည့်စုံအောင်ပြုစေ
ရန်၎င်း၊ အလ္လာဟ်အရှင်မြတ်အားထိုအရှင်မြတ်ညွှန်ပြတော်မူသောနည်းလမ်းအတိုင်းကြီးကဲမြင့်မြတ်တော်မူကြောင်းရွတ်ဆိုကြရန်
၎င်း (အလိုဆန္ဒ ရှိတော်မူသည်) ၊ သို့မှသာလျှင်အသင်တို့သည် (ထိုအရှင်မြတ် ၏) ကျေးဇူးကိုသိသောသူ များ ဖြစ်ကြရာသည်။

ဆွိယာမ် မဆောက်တည်နိုင်သူတွေ ဟာ မရှိဆင်းရဲသားတွေ ကို ကျွေးမွေးရတယ်ဆိုတဲ့ အမိန့်တော်ကတော့

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် ၂၊ အာယဟ်တော် ၁၈၄ မှာပါ။

………..တဖန်အကြင်သူတို့သည် ခဲယဉ်းစွာ သီလဆောက်တည် ကြရပါမူ ယင်းသူတို့သည် (ထိုပျက်ကွက်သော နေ့ရက်များ)
အစား (တရက်လျှင်) သူဆင်းရဲ တစ်ဦးကို (ထမင်းတရက်စာ) ကျွေးမွေးကြရမည်။

အချို့ပညာရှင်တွေက အထက်ပါအာယဟ် တော်မှာပါတဲ့ “ခဲယင်းစွာသီလဆောက်တည်” ဆိုတဲ့ စာရင်းမှာအသက်အရွယ် ကြီးရင့်သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်
လောင်းတွေ၊ မွေးစလသား အရွယ်ကလေးကို မေတ္တာရည် တိုက်ကျွေးအာဟာရ ဖြည့်ပေးနေတဲ့မိခင်တွေကိုထည့်သွင်းနားလည်ထားပါတယ်။ ကျွန်တော်လည်း
အဲဒီအဆိုကို လက်ခံပါတယ်။

ဆွိယာမ် ဆောက်တည်နေသူဟာမိမိရဲ့အတွေး၊အပြောအဆို၊အမူအရာ၊အပြုအမူတွေကိုအထူးထိန်းသိမ်းရပါမယ်။ ဘာလို့လဲဆိုတော့ဆွိယာမ်အထမမြောက်မှာ
ကို စိုးရိမ်ရလို့ပါ။ ဒါနဲ့ပတ်သတ်ပြီး ဆွဟီးဟ်ဗုခါရီကျမ်းလာ ဟဒီးစ်တော်တစ်ပုဒ် ကို တင်ပြပေးပါ့မယ်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်တော် မူ ခဲ့သည်မှာ၊ “အချည်းနှီး အကျိုးမဲ့ စကားပြောဆိုခြင်း၊ မကောင်းမှုများ ကို
ကျူးလွန်ခြင်း ကိုမစွန့်လွှတ်သောသူ ၏ စားဖွယ် သောက်ဖွယ် စွန့်လွှတ်မှု(ဆွိယာမ်) ကို အလ္လာဟ်အရှင်မြတ် သည် အလိုမရှိပေ။”

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၃) ကျမ်းငယ်အမှတ် (၃၁) ဆွိယာမ်ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် ၁၂၇။

အထက်ပါဟဒီးစ် တော်ပါ “အချည်းနှီး အကျိုးမဲ့ စကားပြောဆိုခြင်း၊ မကောင်းမှုများ ကို ကျူးလွန်ခြင်း” ဆိုတာ ဘာကိုဆိုလိုလဲဆိုတော့ လိမ်ညာမုသားပြောဆိုခြင်း၊
နောက်ကွယ် အတင်းပြောခြင်း၊ သူတစ်ပါးအား ရှုံ့ချပြောဆိုခြင်း၊ ခိုးဝှက်ခြင်း၊ သူတစ်ပါးအား သက်သက်အနိုင် ကျင့်ခြင်း၊ သူတစ်ပါးအား ခိုင်လုံသော အကြောင်းပြ
ချက် တစ်စုံတစ်ရာမရှိဘဲ နာကျင် အောင်ပြုခြင်း၊ တရားတော်မှတားမြစ်ထားသော ကိစ္စများခိုးပြုခြင်း (ဥပမာ-သီချင်း နားထောင်ခြင်း၊ ဇာတ်လမ်းရုပ်ရှင်ကြည့်ခြင်း၊
ပွဲလမ်းသဘင်သွားခြင်း၊ ကာမဂုဏ်ကိစ္စများကို အတား အဆီးမရှိတွေးတောခြင်း၊ သာယာစေရန်တမင်တွေးခြင်း စတဲ့ အချက်တွေကို ဆိုလိုတာပါ။ ဒီတော့ ဆွိယာမ်
ဆောက်တည်တဲ့ သူဟာ အထူး ထိန်းထိန်း သိမ်းသိမ်း သတိကြီးကြီးနဲ့ နေထိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အထက်မှာဖော်ပြထားတဲ့ ပုံစံမျိုးတွေကို သာမန်အချိန်
တွေ မှာ ပြုမိရင် သာမန်အပြစ်ထိုက်ပြီး ဆွိယာမ် ဆောက်တည်နေတဲ့အချိန်မှာ ပြုမိရင်တော့ အလ္လာဟ်အရှင်မြတ် အလိုမရှိတော်မူတဲ့ စာရင်းဝင် ဖြစ်သွားမှာမို့လို့ပါ။

ဆွိယာမ်နဲ့သက်ဆိုင်တဲ့ ဆောင်ရန် ၊ ရှောင်ရန် အသေးစိတ်တွေကိုတော့မိမိတို့မတ်စ်လတ်က်အလိုက်နီးစပ်ရာအာလင်မ်တွေထံမှာမေးမြန်းကြပါ။ မေးမြန်းရင်လည်း
ကုရ်အာန် ဟဒီးစ် အထောက်အထားတောင်းဆိုပါ။

ပို့စ်ခေါင်းစဉ် ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ “လမြတ်ရမသွာန်၊ ဆွိယာမ်……….” ကို ဒီတင်ဘဲ အဆုံးသတ်လိုက်ပါရစေ။

လေးစားပါတယ်ဗျာ

The Sage

Advertisement

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Theme: Rubric. Blog at WordPress.com.

Follow

Get every new post delivered to your Inbox.