မွတ်စ်လင်မ့် "အသိ"

August 19, 2009

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၅)

Filed under: သရာဝီဟ် — The Sage @ 2:03 pm

ဒီပို့စ်ကနေအစပြုလို့ ခေါင်းစဉ်ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ သရာဝီးဟ်အကြောင်းကို ရေးပါ့မယ်။

“သရာဝီးဟ်” ဆိုတာက ရမသွာန်လရဲ့ ညဘက်တွေမှာ (အိရှာဆွလားသ်အပြီး) ဂျမာအသ်နဲ့ဆွလားသ် ဝတ်ပြုခြင်းကို ခေါ်တာပါ။ အချိန်အကန့်အသတ်ဘောင်
ကတော့အိရှာအပြီးမှဖွဂျရ်ဆွလားသ်အချိန်မစခင်အထိပါ။ ရမသွာန်လမှာညဘက်ဆွလားသ်ဝတ်ပြုဖို့ကိုယ်တော်မြတ်(ဆွလ်လလ္လာဟ်ဟုအလိုင်ဟိဝစ္စလာမ်)က
တိုက်တွန်းထားကြောင်း ဆွဟီးဟ်ဗုခါရီကျမ်းမှာ ခုလိုလာရှိပါတယ်။

အလ္လာဟ့်တမန်တော်က ရမသွာန်လနှင့်ပတ်သတ်၍ (ဤသို့) မိန့်တော်မူခဲ့သည် ကို ကျွန်တော်ကြားခဲ့ရပါသည်။ တစ်စုံတစ်ယောက်သည်ရမသွာန်လ
တွင် ရိုးသား ဖြူစင်သောစိတ်ဓာတ်နှင့် အလ္လာဟ်အရှင်မြတ်အထံတော်မှအကျိုး မျှော်ကိုးပြီး ညဘက်တွင်ဆွလားသ်ဝတ်ပြုပါက ထိုသူ၏အတိတ်မှအပြစ်
များအားလုံးသည် ခွင့်လွှတ်ခြင်းခံရမည် ဖြစ်သည်။

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ်ဟုသအာလာ) သခင်ကျမ်း-ဆွဟီးဟ်ဗုခါရီကျမ်း၊ အတွဲ (၃) ကျမ်းငယ် အမှတ် (၃၂) ရမသွာန်လတွင် ညဘက်
ဝတ်ပြုခြင်း ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် (၂၂၆)။

ဗုခါရီကျမ်းလာနောက်ဟဒီးစ်တော်တစ်ပုဒ်မှာတော့

တစ်ညမှာကိုယ်တော်မြတ်(ဆွလ်လလ္လာဟ်ဟုအလိုင်ဟိဝစ္စလာမ်)ဟာဗလီထဲမှာဆွလားသ်ဝတ်ပြုခဲ့ပါတယ်။ အခြားသူတွေဟာကိုယ်တော်မြတ်နောက်ကနေ
လိုက်ဝတ်ပြုခဲ့ကြတယ်။ နောက်ညမှာလည်းကိုယ်တော်မြတ်ဟာ ဆွလားသ် ဝတ်ပြုခဲ့တယ်။လူတွေအများကြီးစုသွားခဲ့တယ်(လူတွေအများကြီးကနောက်ကနေ
လိုက် ဝတ်ပြုခဲ့တယ်)။ တတိယနဲ့စတုတ္ထညမှာ လူတွေပိုများလာခဲ့တယ်၊ ဒါပေမယ့် ကိုယ်တော်မြတ်က (ဆွလားသ် ဦးဆောင်ဝတ်ပြုဖို့) ထွက်မလာခဲ့ဘူး။
မနက်ကျတော့ ကိုယ်တော်မြတ်က မိန့်တော်မူတယ်၊ “သင်တို့ဘာလုပ်နေခဲ့လဲဆိုတာ ငါကိုယ်တော် တွေ့တယ်၊ (သင်တို့ဆွလားသ်ဝတ်ပြုဖို့စောင့်နေတာကို)
သင်တို့အပေါ် ဖွရဇ် ဖြစ်သွားမှာ ငါကိုယ်တော် စိုးရိမ်လို့ ထွက်မလာခဲ့တာပါ။” အဲဒါရမသွာန်လရဲ့ညမှာပါ။

အထက်ပါဟဒီးစ်တော်တွေ အရ သိရတာက ရမသွာန်လရဲ့ ညတွေမှာ ဆွလားသ်ဝတ်ပြုခြင်း (သရာဝီးဟ်) ဟာအလွန်ကိုကောင်းမြတ်ပြီးအကျိုးဆွဝါးဗ်ရတဲ့
ကျင့်စဉ်ဖြစ်ပေမယ့် ဖွရဇ်မဟုတ်ဘူး၊ ဝါဂျိဗ်မဟုတ်ဘူးဆိုတာပါ။ တတ်နိုင်တဲ့လူဝတ်ပြု၊ မတတ်နိုင်တဲ့လူမဝတ်ပြုလို့ရပါတယ်။ တစ်ချို့လူတွေဟာသရာဝီးဟ်
ဆွလားသ်ကို ဖွရဇ်လိုလို ဝါဂျိဗ်လိုလို မှတ်ယူပြောဆို တတ်ကြပါတယ်။ တစ်ချို့ကဘယ်လောက်တောင်ပြောကြထင်မှတ်ကြသလဲဆိုရင်၊ သရာဝီးဟ်မဖတ်ရင်
ဘဲ ဆွိယာမ်အထမမြောက်သယောင်ယောင်၊ အလွန်ငရဲကြီး သယောင်ယောင်။ တစ်ချို့က “ကျွန်တော့်မှာ အစာအိမ်ရှိတယ်” ဆိုပြီး (အစာအိမ်ရှိတယ်သာပြော
တာဆေးလိပ်နဲ့ကွမ်းကတော့မပြတ်)နေ့ဘက်သာဆွိယာမ်မထားတာညဆိုရင်တော့သရာဝီးဟ်ကိုတော့ပုံမှန်ဖတ်ကြတယ်။ အရေးကြီးတာနဲ့အရေးမကြီးတာ
ဘယ်ဟာကို ဦးစားပေးရမှန်းမသိကြဘူး။ အဲ…….တစ်ချို့တစ်ကယ်ဘဲ ဝေဒနာကြောင့် ဆွိယာမ်မထားနိုင်တဲ့ သူတွေ သရာဝီးဟ် ကို ကြိုးစားပမ်းစား ဖတ်ရှာ
တာတော့ ချီးကျူးစရာပါ။ အဓိက က ဆွိယာမ်ပါ။ တော်ရုံတန်ရုံ အစာအိမ်အချဉ်ပေါက်တတ်တဲ့ သူမျိုးကဆွိယာမ်ဆောက်တည်ရင်ဘာမှမဖြစ်တဲ့အပြင်ရောဂါ
တောင် ပိုသက်သာလာတယ်ဆိုတာ လက်တွေ့ စမ်းသပ်ကြည့်သူတွေသိသွားမှာပါ။

ရေးပါဦးမယ်။

လေးစားပါတယ်ဗျာ
The Sage

Advertisement

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Theme: Rubric. Blog at WordPress.com.

Follow

Get every new post delivered to your Inbox.