မွတ်စ်လင်မ့် "အသိ"

August 12, 2009

အတိုးစားလို့ရ မ ရ

အစ္စလာမ်ဘာသာရဲ့သွန်သင်ချက်တွေမှာ မတရားအတိုးမစားရဖူးလို့သွန်သင်တာ (မိဘ ဆရာသမားများနဲ့ အချို့သောသူငယ်ချင်းတွေကပြောတာပါ) လက်ခံပါတယ်နော်။ ဒါပေမဲ့ Xykon သိချင်တာက အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့ ဒီကနေ့ စီးပွါးရေးတွေထဲက စီးပွါးရေးတခုဖြစ်တဲ့ ဘဏ်လုပ်ငန်းလုပ်ကိုင်ပါက သင့်တော်မယ်လို့ထင်ပါသလား။ မသင့်တော်ဖူးလို့ထင်ပါသလား??? အရင်တုန်းကလိုပဲ မေးခွန်းလေးကို အဆင့်ဆင့်စဉ်းစားလို့ရအောင် Number တပ်ပြီးမေးပါမယ်နော်။

(၁) တကယ်လို့ သူများလုပ်နေတဲ့စီးပွါးရေးလုပ်ငန်းမှာ ရှယ်ယာဝင်ပြီး အမြတ်အစွန်းရယူတာမျိုး လုပ်နေမယ်ဆိုရင် အစ္စလာမ့်သွန်သင်ချက်နဲ့ ဘောင်ဝင်တယ်လို့ယူဆပါသလား???

(၂) Xykon အခုနေနေတဲ့နေရာမှာရှိတဲ့ လုပ်ငန်းတမျိုးပါ။ အဲ့ဒီလုပ်ငန်းရဲ့သဘောတရားကို အကျယ်ရှင်းပြပါ့မယ်နော် — Xykon အနေနဲ့ တလကိုအလုပ်လုပ်လို့ရတဲ့ ဝင်ငွေကနေပြီး ငွေအနည်းငယ်ကိုဖဲ့ဖဲ့ပြီးစုထားလို့ရပါတယ်။ တလကို ၁၀၀ဆိုကြပါစို့။ တောက်လျှောက်စုလာတဲ့ ငွေကို သူတို့က လစဉ်လစဉ် အတိုးနှုန်းတခုနဲ့ အတိုးတွက်ပေးပါတယ် (၁၀% ဆိုကြပါစို့) အချိန်အတိုင်းအတာတခုရောက်တဲ့အခါ (၁၀နှစ်ကြာပြီးတဲ့ အခါဆိုကြပါစို့) အဲ့ဒီငွေအားလုံး (အတိုးရောအရင်းပါ)ကိုပြန်ပြီးထုတ်ယူလို့ရပါတယ်။ ကဲ Xykon ကအဲ့ဒီစံနစ်ကိုကြိုက်လို့ ငွေစုမယ်။ အဲ ဘာသာရေးအရ မတရားအတိုးစားတယ်လို့ တစုံတယောက်က စွတ်စွဲပါပြီ။ Xykon အနေနဲ့ မှန်သလားမှားသလားမဆုံးဖြတ်တတ်တော့ဖူး။ ဘာသာရေးမှာ မတရား အတိုးစားခြင်းကိုပြောတာလို့ Xykon ကယူဆတာပေါ့နော်၊ ဒါပေမဲ့ ယနေ့ အစ္စလာမ်ဘာသာဝင် သူငယ်ချင်းအချို့က ဘဏ်မှာ ငွေစုပြီးရတဲ့အတိုးတောင်မသန့်ဖူး (မဂရူ မြန်မာစာလုံးပေါင်း မှန်/မှားမသိပါ) လို့ပြောပါတယ်။ အစ္စလာမ်မှာ ကိုယ့်အစွမ်းကိုယ့်အစနဲ့ရတဲ့ ပိုက်ဆံကလွဲလို့ ကျန်တာတွေက မစားထိုက်ဖူး လို့ပြောတာလဲ ကြားဖူးပါတယ်။ ကဲ ဘဏ်မှာငွေစုပြီး ဘဏ်ကပေးတဲ့ အတိုးကိုစားသည်ဖြစ်စေ။ အခုနကပြောတဲ့လုပ်ငန်းမျိုးမှာ ငွေစုပြီး ရတဲ့အတိုးကို စားသည်ဖြစ်စေ အစ္စလာမ်တယောက်အနေနဲ့ ဘာသာရေးတားမြစ်ချက်ကိုချိုးဖောက်တယ်လို့ ထင်ကြပါသလား??? မထင်ကြဖူးလား???

(၃) အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့ ပိုက်ဆံရှိလို့ ဘဏ်လုပ်ငန်းလို့ ယနေ့ခေါ်နေကြတဲ့ ငွေကြေးကြားခံဆောင်ရွက်ပေးပြီး အမြတ်အစွန်းရယူတဲ့ စီးပွါးရေးလုပ်ငန်းကို တည်ထောင်လုပ်ကိုင်မယ်ဆိုပါက အတိုးကို မလွဲမသွေတွေ့ကြုံရတော့မှာပါ။ အဲ့ဒါမျိုးဆိုရင် ဘာသာရေးတားမြစ်ချက်ကို ချိုးဖောက်တယ်လို့ ထင်ကြပါသလား??? မထင်ကြဖူးလား???

အားလုံးကိုတခုတောင်းဆိုလိုတာက ကိုယ်ပိုင်အမြင်ကိုထုတ်ဖော်တာလို့ ဆိုပေမဲ့ ဘာသာရေးနဲ့သက်ဆိုင်တဲ့မေးခွန်းတွေကိုဖြေကြားတာမို့လို့ အတတ်နိုင်ဆုံးတိကျတဲ့ အထောက်အထားကို ပြောပြပေးပါနော်။Quran နဲ့တင်ပြပြောဆိုတယ်ဆိုရင်လည်း ဆူရာ အာယာဟ် နံပါတ် အပြည့်အစုံနဲ့၊ ဟဆီးဒ်တော်နဲ့ဝင်ရောက်ပြောဆိုတယ်ဆိုရင်လည်း မြန်မာဘာသာပြန်ရရင် မြန်မာဘာသာပြန်ကို အညွှန်းနဲ့တကွဖြစ်စေ မြန်မာဘာသာပြန် မရရင်တောင် တိကျပြီး ယုံကြည်ရတဲ့ အစ္စလာမ့်အဖွဲ့အစည်းတွေကတင်ပေးထားတဲ့ Web site link လေး(ဖြစ်နိုင်ရင်ပါနော် မဖြစ်နိုင်ရင်လည်းရပါတယ်နော်) ပေးပါနော်၊ အခြားအခြားသော ဆရာသခင်ကြီးတွေရဲ့ ပြဋ္ဌန်းချက် (ဖွေကာလို့ပြောပါတယ် မြန်မာစာလုံးပေါင်းမှန်/မှားမသိပါ)၊
သာသနာ့ပညာရှင်တွေရဲ့စုပေါင်းဆုံးဖြတ်တဲ့ ဓမ္မသတ် (ဖသ်ဝါလို့ပြောပါတယ် မြန်မာစာလုံးပေါင်း မှန်/မှားမသိပါ)၊ စတာတွေနဲ့ အကျယ်ရှင်းပြပေးနိုင်သလောက် Xykon ကိုကူညီ ဖြေရှင်းပေးပါနော်

Xykon မသိတာလေးတွေကိုမေးတာပါနော်။ သာသနာ့မိတ်ဆွေ ဆွေမျိုးသားချင်း အကိုအမတွေနဲ့  သူငယ်ချင်းတို့အနေနဲ့ ဘာသာရေးနဲ့ပက်သက်ပြီး ပြောဆိုကြရင်တယောက်နဲ့ တယောက် ပုတ်ခတ်ပြောဆိုခြင်းတွေကိုရှောင်ရှားနိုင်သလောက်ရှောင်ရှားကြပါ။ ရုတ်တရက် စိတ်ခံစားမှုကြောင့် ရေးသွားဖြစ်ရင်လည်း စိတ်တည်ငြိမ်သွားတဲ့အချိန်ကြရင် အလ္လာအရှင်မြတ်ကို တိုင်တည်ပြီး တယောက်ကိုတယောက် ကျေအေးစကားပြောကြပါနော်။ ဘယ်သူမှားလို့ ဘယ်သူကတောင်းပန်တယ်ဆိုတာထက် ကျေအေးစကားပြောကြားပြီး ညီညွတ်မှုတည်ဆောက်ကြပါလို့ပြောတာပါနော်။

သာသနာ့အလံတော်အောက်က သာသနာ့မိတ်ဆွေ ဆွေမျိုးသားချင်း အကိုအမတွေနဲ့ သူငယ်ချင်းတို့အနေနဲ့ တဦးနဲ့တဦးအတတ်နိုင်ဆုံး ပညာရှင်ဆန်ဆန်ပြောဆိုရေးသားနိုင်တဲ့ စွမ်းအား အလ္လာဟို့အရှင်မြတ်ဖက်မှ ပေးသနားတော်မူပါစေ။ ။အာမီန်း

PS.တကယ်လို့များဖြစ်နိုင်ရင်တတ်နိုင်သလောက် မြန်မာလိုလေးရိုက်ပြီးတင်ပေးကြပါနော်။ လိုအပ်ရင် ဓမ္မာ့ဒါနအနေနဲ့ ဖြန့်ချိလို့ရအောင်မို့လို့ပါနော်

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a comment

Create a free website or blog at WordPress.com.