မွတ်စ်လင်မ့် "အသိ"

August 15, 2009

အတိုးစားလို့ရမရ (The Sage ဖြေ ၂)

စလာမ် ပါခင်ဗျား

စိုင်ကွန်ခင်ဗျား

အထက်ပို့စ် မှာ “အတိုးစားခြင်း” နဲ့ သက်ဆိုင်တဲ့ အာယဟ်တော် အချို့နဲ့ ဟဒီးစ်တော် တစ်ပုဒ် တင်ပြခဲ့ပါတယ်။ အခုဒီပို့စ်မှာတော့ စိုင်ကွန် မေးထားတဲ့မေးခွန်းတွေ ကို ဖြေပေးပါ့မယ်။

စိုင်ကွန်ရဲ့ ဂျနရလ် မေးခွန်းက………………..

“စီးပွါးရေးတွေထဲက စီးပွါးရေးတခုဖြစ်တဲ့ ဘဏ် လုပ်ငန်းလုပ်ကိုင်ပါက သင့်တော်မယ်လို့ ထင်ပါသလား။ မသင့်တော်ဖူးလို့ထင်ပါသလား???”

စီးပွါးရေးလို့ ခေါင်းစဉ်တပ် လိုက်တာနဲ့ အစ္စလာမ်သာသနာ က ခွင့်ပြုထားတဲ့ (ဒါမှမဟုတ်) လူ့ယဉ်ကျေးမှု နဲ့ လူ့အသိုင်းအဝိုင်း မှာ ခွင့်ပြုသင့်တဲ့ လုပ်ငန်းဖြစ်မသွားပါဘူး။  အဲဒီလို စီးပွါးရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစ္စလာမ် သာသနာက ခွင့်မပြုတဲ့ လုပ်ငန်း ကိစ္စရပ် တွေဟာ အများကြီးပါ။ ဥပမာ-အရက်ရောင်းခြင်း၊ နိုက်က လပ်လုပ်ငန်း စသည် စသည် မျိုးပါ။ ဒါက စိုင်ကွန်ရဲ့ မေးခွန်းနဲ့ မပတ်သတ်ပါဘူး။ ကြုံတုံး သတိပြု မိအောင်ရေးပြခြင်းပါ။ စိုင်ကွန်ရဲ့ ဂျနရလ်မေးခွန်း ကို တတ်ခ်ျ လုပ်ပါပြီ ခင်ဗျား။

(more…)

August 12, 2009

အတိုးစားလို့ရမရ (The Sage ဖြေ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

အစ္စလာမ် သာသနာဝင် မုစ်လင်မ် များအတွက် အကျိုးထူးရရှိစေနိုင်မယ့် မေးခွန်းမျိုးတွေကို မှရွေးမေး နေတဲ့ သာသာနာ့ တစ်အူထုံ့ဆင်း စိုင်ကွန် ကို အထူးတလည် ကျေးဇူးတင်ရှိကြောင်း ပထမဆုံး အနေနဲ့ ပြောကြားလိုပါတယ်။

ဒီတစ်ခါ စိုင်ကွန် မေးလာတဲ့ မေးခွန်းကတော့ “အတိုးစားခြင်း” နဲ့တိုက်ရိုက် ပတ်သတ်ဆက်နွယ် နေတဲ့ မေးခွန်းပါ။ စိုင်ကွန် မေးထားတာတွေ မဖြေခင် “အတိုး” ကို အာရဗီ ဘာသာစကားနဲ့ ဘယ်လိုခေါ်လဲ?၊ အတိုးစားခြင်းနဲ့ သက်ဆိုင်တဲ့ ကုရ်အာန် အာယဟ် များ၊ ဟဒီးစ်တော် များ ကို အရင်ဆုံး တင်ပြပေးပါ့မယ်။

“အတိုး” ကို အာရဗီ ဘာသာစကားနဲ့ “ရိဗာ” လို့ခေါ်ပါတယ်။ အာရဗီ အက္ခရာ “ရာအ်” ၊ “ဗာအ်”၊ “အလိဖ်” ပါ။ (အူရဒူ အသံ- “ရေ”၊ “ဗေ”၊ “အလိဖ်”)။ ကျမ်းတော်မြတ် ကုရ်အာန် နဲ့ ဟဒီးစ်တော် တွေမှာ “အတိုးစားခြင်း” ကို အတိအလင်း ပြတ်ပြတ်သားသား ကို တားမြစ်ထားပါတယ်။ ကုရ်အာန် အာယဟ် တော်တွေအရင် ပြပါ့မယ်။
ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် တော် ၃၊ အာယဟ်တော် ၁၃၀ မှာ အလ္လာဟ် အရှင်မြတ် က

    “ယာ အိုင်ယ် ယု ဟလ်လဇီးန အားမနူ လာသအ်ကုလူရ် ရိဗာ အဿွ်အာဖွန်မ်
    မုဿွာအဖွသန် ဝသ်သကုလ္လားဟ လအလ်လကွမ် သုဖ်လိဟူးန်”။
    အို- “မုအ်မင်န်” ယုံကြည်ခြင်း သဒ္ဓါ တရား ထားရှိသူ အပေါင်းတို့။ အသင်တို့သည်ဆထက်တိုးပြီး ဖြစ်သော၊ ဆပေါင်းများစွာသော အတိုးအညွန့်ကို မစားကြကုန်လင့်။၎င်းပြင် အသင်တို့ သည်အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ ကြလေကုန်၊ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြကုန်အံ့။

ဒီအာယဟ် တော်ကတော့ “အတိုး” မစားဖို့ အတိအလင်း ပိတ်ပင်ထားတဲ့ အာယဟ်တော်ပါ။ ဒီ အာယဟ်တော်ကို ဖတ်ပြီး လူသား တွေက စဉ်းစားလာကြမှာဘဲ၊ ဘာကိုလဲ? “ဆထက်တိုး၊ ဆပေါင်းများစွာတိုး ကို မစားနဲ့ ဆိုတော့ ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှုရော ပြုလို့မရဘူး လား? အဲဒါ လည်း ဆထက်တိုးနိုင် တာဘဲလေ။” အဲသလို။

(more…)

အတိုးစားလို့ရ မ ရ

အစ္စလာမ်ဘာသာရဲ့သွန်သင်ချက်တွေမှာ မတရားအတိုးမစားရဖူးလို့သွန်သင်တာ (မိဘ ဆရာသမားများနဲ့ အချို့သောသူငယ်ချင်းတွေကပြောတာပါ) လက်ခံပါတယ်နော်။ ဒါပေမဲ့ Xykon သိချင်တာက အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့ ဒီကနေ့ စီးပွါးရေးတွေထဲက စီးပွါးရေးတခုဖြစ်တဲ့ ဘဏ်လုပ်ငန်းလုပ်ကိုင်ပါက သင့်တော်မယ်လို့ထင်ပါသလား။ မသင့်တော်ဖူးလို့ထင်ပါသလား??? အရင်တုန်းကလိုပဲ မေးခွန်းလေးကို အဆင့်ဆင့်စဉ်းစားလို့ရအောင် Number တပ်ပြီးမေးပါမယ်နော်။

(၁) တကယ်လို့ သူများလုပ်နေတဲ့စီးပွါးရေးလုပ်ငန်းမှာ ရှယ်ယာဝင်ပြီး အမြတ်အစွန်းရယူတာမျိုး လုပ်နေမယ်ဆိုရင် အစ္စလာမ့်သွန်သင်ချက်နဲ့ ဘောင်ဝင်တယ်လို့ယူဆပါသလား???

(၂) Xykon အခုနေနေတဲ့နေရာမှာရှိတဲ့ လုပ်ငန်းတမျိုးပါ။ အဲ့ဒီလုပ်ငန်းရဲ့သဘောတရားကို အကျယ်ရှင်းပြပါ့မယ်နော် — Xykon အနေနဲ့ တလကိုအလုပ်လုပ်လို့ရတဲ့ ဝင်ငွေကနေပြီး ငွေအနည်းငယ်ကိုဖဲ့ဖဲ့ပြီးစုထားလို့ရပါတယ်။ တလကို ၁၀၀ဆိုကြပါစို့။ တောက်လျှောက်စုလာတဲ့ ငွေကို သူတို့က လစဉ်လစဉ် အတိုးနှုန်းတခုနဲ့ အတိုးတွက်ပေးပါတယ် (၁၀% ဆိုကြပါစို့) အချိန်အတိုင်းအတာတခုရောက်တဲ့အခါ (၁၀နှစ်ကြာပြီးတဲ့ အခါဆိုကြပါစို့) အဲ့ဒီငွေအားလုံး (အတိုးရောအရင်းပါ)ကိုပြန်ပြီးထုတ်ယူလို့ရပါတယ်။ ကဲ Xykon ကအဲ့ဒီစံနစ်ကိုကြိုက်လို့ ငွေစုမယ်။ အဲ ဘာသာရေးအရ မတရားအတိုးစားတယ်လို့ တစုံတယောက်က စွတ်စွဲပါပြီ။ Xykon အနေနဲ့ မှန်သလားမှားသလားမဆုံးဖြတ်တတ်တော့ဖူး။ ဘာသာရေးမှာ မတရား အတိုးစားခြင်းကိုပြောတာလို့ Xykon ကယူဆတာပေါ့နော်၊ ဒါပေမဲ့ ယနေ့ အစ္စလာမ်ဘာသာဝင် သူငယ်ချင်းအချို့က ဘဏ်မှာ ငွေစုပြီးရတဲ့အတိုးတောင်မသန့်ဖူး (မဂရူ မြန်မာစာလုံးပေါင်း မှန်/မှားမသိပါ) လို့ပြောပါတယ်။ အစ္စလာမ်မှာ ကိုယ့်အစွမ်းကိုယ့်အစနဲ့ရတဲ့ ပိုက်ဆံကလွဲလို့ ကျန်တာတွေက မစားထိုက်ဖူး လို့ပြောတာလဲ ကြားဖူးပါတယ်။ ကဲ ဘဏ်မှာငွေစုပြီး ဘဏ်ကပေးတဲ့ အတိုးကိုစားသည်ဖြစ်စေ။ အခုနကပြောတဲ့လုပ်ငန်းမျိုးမှာ ငွေစုပြီး ရတဲ့အတိုးကို စားသည်ဖြစ်စေ အစ္စလာမ်တယောက်အနေနဲ့ ဘာသာရေးတားမြစ်ချက်ကိုချိုးဖောက်တယ်လို့ ထင်ကြပါသလား??? မထင်ကြဖူးလား???

(၃) အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့ ပိုက်ဆံရှိလို့ ဘဏ်လုပ်ငန်းလို့ ယနေ့ခေါ်နေကြတဲ့ ငွေကြေးကြားခံဆောင်ရွက်ပေးပြီး အမြတ်အစွန်းရယူတဲ့ စီးပွါးရေးလုပ်ငန်းကို တည်ထောင်လုပ်ကိုင်မယ်ဆိုပါက အတိုးကို မလွဲမသွေတွေ့ကြုံရတော့မှာပါ။ အဲ့ဒါမျိုးဆိုရင် ဘာသာရေးတားမြစ်ချက်ကို ချိုးဖောက်တယ်လို့ ထင်ကြပါသလား??? မထင်ကြဖူးလား???

(more…)

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (မေးသူမှ ၄)

Reply by Xykon on July 25, 2009 at 1:56am
Send Message
Delete

ဒဲဒ် ဘော်ဒီ လှုလို့ မရဘူးလို့ လူတွေက ယူဆနေလို့ စအူဒီကဆေးကျောင်းတွေမှာ ဒဲဒ်ဘော်ဒီတွေကို တစ်ခြားနိုင်ငံတွေကနေ အင်မ်ပို့တ် လုပ်ပြီး သင်ကြားနေရတယ်။

The Sage ရေ အဲ့ဒါသေချာရင်တော့ Xykon အူနှိပ်နေရပြီ၊ ရီရလွန်းလို့လေ၊ လူသေရင် ကိုယ်ခန္ဓာလှူလို့မရဖူးလို့ လက်ခံတဲ့ဘာသာက သူ့ဘာသာသင်ကြားချက်ကို မျက်မှောက်မပြုတဲ့ ဆန့်ကျင်အားပေးတဲ့ အမှုကိစ္စကိုကျတော့ မတားတဲ့အပြင် အားပေးလိုက်သေးလို့ တခြားဘာသာဝင်တယောက်ကများပြောလာရင် ဘယ်လိုပြန်ပြောမလဲ နားထောင်ချင်လိုက်တာ။ ငါ့စကားနွားရ (စကားပုံရှိလို့ သုံးတာပါနော် ရိုင်းတယ်ထင်ရင် ခွင့်လွှတ်ပေးပါ) ပြန်ပြောတတ်တဲ့လူကလွဲရင်၊ ဖြောင့်မှတ်မှန်ကန်စွာရှင်းလင်းတတ်သူအဖို့မှာ တော်တော်ဖြေရခက်မဲ့ မေးခွန်းပဲ။ ဘာနဲ့တူနေသလဲလို့ဆိုတော့ မတရားအတိုးစားခြင်းကို ကန့်ကွက်တယ်လို့အော်နေပြီး ပိုက်ဆံမရှိလို့ မတရားအတိုးစားသူ ဆီမှာ ပစ္စည်းသွားပေါင်ပြီးငွေချေးသလိုပဲ။ အပြင်ကကြည့်ရင်တော့ မမှားသလိုလိုနဲ့ တကယ်တမ်းကကျတော့ ကိုယ်တိုင်အားပေးအားမြှောက်ပြုသူဖြစ်မှန်းမသိ ဖြစ်နေတာပေါ့နော်။

အဲ ပြောရင်းနဲ့ မေးစရာတခုရလာလို့ ဆက်မေးပါရစေနော်၊ The Sage မှမဟုတ်ပါဖူး အစ္စလာမ့်ဘာသာဝင် မည်သူမဆို ကိုယ်ပိုင်အမြင်ကို တင်ပြကြည့်ကြပါနော်။ အမေးလေးတွေကို သီးသန့်တင်ပေးပါ့မယ်နော်

အာယဟ်တော် ၅း၃၃ နှင့်ပတ်သတ်၍ အမေး အဖြေ

Xykon မှမေး

အကိုပေးတဲ့ စူရဟ် နဲ့အာယဟ်တော် ကိုဖတ်ရင်းနဲ့ ရှေ့နောက်ဝဲယာ လျှောက်ပြီးဖတ်လိုက် Xykon တွေ့တဲ့ အာယဟ်တော် ၅း၃၃ မှာက

” အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (၏ အမိန့်တော်များ) ကို (သွေဖည်ငြင်းဆန်ပုန်ကန်) တိုက်ခိုက်ကြကုန်၏။ ၎င်းပြင် ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်ကြကုန်၏။ ထိုသူတို့၏ အပြစ်ဒဏ်သည်ကား ၎င်းတို့သည်သတ်ဖြတ်ခြင်းခံကြရမည်၊ သို့မဟုတ် လက်ဝါး ကပ်တိုင်တင်ခြင်း ခံကြရမည်၊ သို့မဟုတ် ၎င်းတို့၏ ခြေလက်တို့ကို လက်ျာ လက်ဝဲဘက် လွှဲ၍ ဖြတ်တောက်ခြင်းခံကြရမည်၊ သို့မဟုတ် ပြည်နှင်ဒဏ် ပေးခြင်းခံကြရမည်ဖြစ်၏။ ဤသည်ကား ၎င်းတို့အား မျက်မှောက်ဘဝ၌ ကျိုးယုတ်ရှက်ရဖြစ်စေခြင်းပင်ဖြစ်၏။ ၎င်းပြင် ထိုသူတို့၌ နောင်တမလွန်ဘဝတွင်(လည်း) အလွန်ကြီးလေးသော ပြစ်ဒဏ်သည် ရှိပေမည်။ “

လို့ရေးထားတာတွေ့တယ်… အဲ့ဒီမှာမရှင်းတာလေးမေးချင်လို့…

” ထိုသူတို့၏ အပြစ်ဒဏ်သည်ကား ၎င်းတို့သည်သတ်ဖြတ်ခြင်းခံကြရမည်၊ သို့မဟုတ် လက်ဝါး ကပ်တိုင်တင်ခြင်း ခံကြရမည်၊ သိသို့မဟုတ် ၄တို့၏ ခြေလက်တို့ကို လက်ျာလက်ဝဲဘက်လွှဲ၍ ဖြတ်တောက်ခြင်းခံကြရမည်၊ သို့မဟုတ် ပြည်နှင်ဒဏ် ပေးခြင်းခံကြရမည်ဖြစ်၏။ ဤသည်ကား ၎င်းတို့အား မျက်မှောက်ဘဝ၌ ကျိုးယုတ်ရှက်ရဖြစ်စေခြင်းပင်ဖြစ်၏။ “

ဆိုတာတွေက Islam တွေကလုပ်ရမှာလား… ဒါမှမဟုတ် သူ့ဟာသူ အဲ့ဒီအပြစ်ဒဏ်တွေကို ခံစားရမှာလား.. တကယ်ဆို Isreal တွေ Islam တွေကို မိုက်ရိုင်းတိုက်ခိုက်နေတာ သူတို့ဘာဖြစ်လို့ အဲ့ဒါတွေမခံစားရတာလဲ…

————————————

The Sage မှဖြေ

ချစ်ခင် လေးစားအပ်ပါသော ကျွန်တော့်ရဲ့ သာသနာ့ ခရီးဖော် စိုင်ကွန် မေးထားတဲ့ နောက်မေးခွန်းတစ်ခု ကတော့ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် တော် ၅ (အလ်မာအိဒဟ်)၊ အာယဟ်တော် ၃၃ နဲ့ဆက်စပ်မေးတဲ့ မေးခွန်းပါ။ အာယဟ်တော် ရဲ့ မြန်မာဘာသာပြန်ကို အရင်ရေးပြပါ့မယ်။

“အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်
တော်မြတ် (၏အမိန့်တော်များ) ကို (သွေဖည် ငြင်းဆန် ပုန်ကန်) တိုက်ခိုက်ကြကုန် ၏။
၎င်းပြင် ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီး ကြောင်း ကို ပြုလုပ်ကြကုန်၏။ ထိုသူတို့၏
အပြစ်ဒဏ်သည်ကား ၎င်းတို့သည် သတ်ဖြတ်ခြင်း ခံကြရမည်၊ သို့မဟုတ် လက်ဝါးကပ်
တိုင် တင်ခြင်း ခံကြရမည်၊ သို့မဟုတ် ၎င်းတို့၏ ခြေလက်တို့ကို လက်ျာ လက်ဝဲ ဘက်
လွဲ၍ဖြတ်တောက်ခြင်း ခံကြရမည်၊ သို့မဟုတ်ပြည်နှင်ဒဏ် ပေးခြင်း ခံကြရမည် ဖြစ်၏။
ဤသည် ကား၎င်းတို့အား မျက်မှောက် ဘဝ ၌ကျိုးယုတ်ရှက်ရဖြစ် စေခြင်း ပင် ဖြစ်၏။
၎င်းပြင် ထိုသူတို့၌ နောင်တမလွန်ဘဝတွင် လည်း)အလွန်ကြီးလေးသောပြစ်ဒဏ်သည်
ရှိပေမည်။”

အထက်ပါ အာယဟ်တော် က အလ္လာဟ်အရှင်မြတ်က ပြစ်မှုဆိုင်ရာ ဥပဒေ တစ်ခု နဲ့ ပြစ်ဒဏ် တွေ
ကို ပြဋ္ဌာန်းနေခြင်းဘဲ ဆိုတာကို သေသေချာချာ နားလည်အောင်ဖတ်တတ်တဲ့ သူတိုင်းက သိကြမှာပါ။

အထက်မှာ တင်ပြထားတဲ့ မြန်မာဘာသာပြန်မှာ “(၏အမိန့်တော်များ)” “(သွေဖည် ငြင်းဆန် ပုန်ကန်)”စတဲ့ လက်သည်းကွင်းနဲ့ ရေးထားတဲ့ စာသားတွေက မူရင်းအရဗီ မှာလုံးဝ မပါပါဘူး။ ဆရာကြီးအလ္လာမဟ် ဃာဇီဟာရှင်မ် က ဖတ်သူတွေကို ရှင်းပြလိုတဲ့ စေတနာနဲ့ ထည့်ရေးခဲ့တာလို့ ယူဆပါတယ်။ မူရင်း အရဗီ မှာ “အလ်လဇီးန ယုဟားရိဗူး နလ္လားဟ ဝရစူလဟူ” ပါ။ အဓိပ္ပါယ် က “အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ် တမန်တော်မြတ် ကို တိုက်ခိုက်ကြကုန် ၏။” အဲလိုပါ။

ဒီတော့ အရမ်းကိုရှင်းနေတာက၊ အလ္လာဟ်အရှင်မြတ်နဲ့ ရစူလ်တမန်တော်မြတ်ကို တိုက်ခိုက်တဲ့ သူတွေကို အထက်ပါ ပြစ်ဒဏ်လေးခု ထဲက တစ်ခုခုပေးရမယ် လို့ ပြစ်ဒဏ် ပြဋ္ဌာန်း ထားတယ် ဆိုတာပါဘဲ။ ဟုတ်ပြီ ဒါတော့ ရှင်းပြီ၊ ဒါဆို “တိုက်ခိုက်တယ်” ဆိုတာက ဘာကိုဆိုလိုတာလဲ? အဲဒီ အပြစ်ဒဏ်တွေကိုရော မုစ်လင်မ် တွေက ပေးရမှာလား၊ စီရင် ရမှာလား?

ဒီတော့ “တိုက်ခိုက်တယ်” ဆိုတဲ့ အဓိပ္ပါယ် ကို သေချာစဉ်းစားကြည့်ရင် တိုက်ခိုက်တာပါဘဲ။
ဆွေးနွေးတာမဟုတ်ပါဘူး။ ဝေဖန်တာမဟုတ်ပါဘူး။ သက်သက်ကို တိုက်ခိုက်တာပါ။
စော်ကားတာပါ။ အသရေဖျက်တာပါ။ ဥပမာနဲ့ ပြောပါ့မယ်၊ ကာဖိရ် တစ်ယောက်က အစ္စလာမ်
သာသနာ နဲ့ပတ်သတ်ပြီး ဆွေးနွေးလိုတဲ့၊ ဝေဖန်လိုတဲ့ သဘောနဲ့ “အလ္လာဟ်ကိုရောဘယ်သူက
ဖန်ဆင်းတာလဲ? အရာရာဟာဖန်ဆင်းခြင်းခံရတာဆို?” အဲလိုပြောလာရင် အဲဒါဟာ ဆွေးနွေး
တာပါ၊ ဝေဖန်တာပါ။ တိုက်ခိုက်တာလို့ပုဒ်မတတ်လို့မရပါဘူး။ အစ္စလာမ်ကအဲလိုမေးခွန်း
တွေကို ကြိုဆိုပါတယ်။ အဲလိုမေးတဲ့သူတွေကို ကြိုဆိုပါတယ်။ နွေးထွေးစွာကိုကြိုဆိုတာပါ။
စူရဟ် ၁၆၊ အာယဟ်တော် ၁၂၅ ကို ကြည့်ပါ။ နောက် ဥပမာတစ်မျိုးပြောမယ်၊ ကာဖိရ် တစ်
ယောက်က မုစ်လင်မ် တွေကို နာကျင်ခံစားစေလိုတဲ့ သဘောယုတ်၊ သဘောဆိုးနဲ့ “အရှင်မြတ်”
ဆိုတဲ့ မြန်မာစကားကို “အသေရှုံး”၊ “အလ္လာဟ်” ကို “အသွား”၊ “အပြန်”၊ “မုဟမ္မဒ်” ကို “ဟိုဟာမက်”၊
“ဒီဟာမက်”။ အဲလိုမျိုး ပြောင်လှောင်ခေါ်ဆိုရင်တော့ အဲဒါ တိုက်ခိုက်တာပါ၊ စော်ကားတာပါ၊
ယုတ်မာတာပါ၊လူမဆန်တာပါ။ အထက်ပါ အာယဟ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်လေးမျိုးထဲကတစ်မျိုးမျိုးဟာ အဲလို တိုက်ခိုက်တဲ့ လူတွေအတွက်ပါ။ ဒါရှင်းပါပြီနော်။

ကောင်းပြီ ဒါဆိုရင် နောက်မေးခွန်းတစ်ခုက၊ အဲဒီပြစ်ဒဏ်တွေကို စီရင်ပိုင်ခွင့် ဘယ်သူ့မှာရှိတာလဲ? မုစ်လင်မ် တိုင်းမှာရှိတာလား? ဆိုတော့ မရှိပါဘူး။ ဘာလို့မရှိလည်းဆိုရင် ဒါဟာဥပဒေကပြဋ္ဌာန်းတဲ့ ပြစ်ဒဏ်မို့လို့ပါဘဲ။ ဒါဆိုဘယ်သူတွေမှာရှိလဲ? အစ္စလာမ့်ဥပဒေကို အပြည့်အဝကျင့်သုံးတဲ့ အစ္စလာမ့်နိုင်ငံ တွေမှာ ခန့်ထားတဲ့ တရားရုံးတော် တွေမှာဘဲ (တစ်နည်းအားဖြင့်) အစ္စလာမ့်တရားသူကြီး တွေမှာဘဲ ပြစ်ဒဏ်စီရင်ပိုင်ခွင့်ရှိပါတယ်။ ဒီလိုဘဲ စီရင်လိုက်လို့ရလား လို့တစ်စုံတစ်ယောက်ကမေးလာပြန် ရင်တော့၊ “တရားစီရင်ခြင်း” ဆိုတဲ့ စကားရပ် ရဲ့ အဓိပ္ပါယ် ကိုအရင် နားလည်အောင်လုပ်ပါလို့ဘဲ ကျွန်တော် ပြောလိုက်မှာပါ။

ဥပဒေချိုးဖောက်မှုနောက်တစ်ခုဖြစ်တဲ့ “ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်း” ဆိုတာကိုတော့ ထပ်ရှင်းပြနေစရာလိုမယ် မထင်ပါဘူး။ အစ္စရာအီလ် တွေက မုစ်လင်မ် တွေကိုနှိပ်စက်တာ ဘာလို့ဘာမှ မဖြစ်လဲဆိုတာကိုတော့ ဖြေစရာကို မလိုတော့ဘူးထင်ပါတယ်။ မလိုတော့ဘူးလို့ထင်ရ ခြင်းကိုအထောက်အပံ့ပေးထားတဲ့ အချက်တွေ ထဲက နှစ်ချက်ကိုဘဲ ပြောပါ့မယ်။ (၁) ကုရ်အာန်မှာ မုစ်လင်မ်တွေကို နှိပ်စက်တဲ့ လူတွေကို အဲဒီပြစ်ဒဏ်တွေ ပေးရမယ်လို့ မိန့်ထားတာမဟုတ်ပါဘူး။ (၂) မုစ်လင်မ်တွေကို နှိပ်စက်တဲ့ လူတွေကို အလ္လာဟ်အရှင်မြတ်က ဒီလောကမှာကို အဲဒီပြစ်ဒဏ်တွေ ပေးမယ်လို့ မိန့်ထားတာမဟုတ်ပါဘူး။

စိုင်ကွန် နဲ့ ကျွန်တော် အပါအဝင် အားလုံး ကို အကျိုးရှိစေနိုင်မယ့် ခုလို မေးခွန်းတွေ ကို
ကြိုဆိုလျက်ပါလို့ ပြောကြားရင်း။

ကျေးဇူးတင်ပါတယ်။

ဝလ္လာဟုအအ်လမ်၊ ဝစ္စလာမ်
The Sage

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (The Sage ဖြေ ၅)

သာသနာ့ မွေးချင်းတစ်ဦးဖြစ်တဲ့ စိုင်ကွန် မေးထားတဲ့ မေးခွန်း လေး ခု အနက် သုံးခု ကို ကုရ်အာန်အာယဟ် အထောက်အထား ပြုထားတဲ့ ကျွန်တော့် ရဲ့ အမြင်တွေနဲ့ ဖြေကြားပြီးပါပြီ။ ကုရ်အာန် အာယဟ်တော် ၅း၃၂ ဟာ စိုင်ကွန် မေးထားတဲ့ မေးခွန်း သုံး ခုစလုံး အတွက် ကာဗာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အဖြေ တွေကို စိုင်ကွန် ကိုယ်တိုင်က ကျေကျေနပ်နပ် လက်ခံ ခဲ့ပါတယ်။ ချီးမွမ်းထောမနာ အလုံးစုံဟာ “မှအပအခြားကိုးကွယ်ရာမရှိသော” အလ္လာဟ် အရှင်မြတ်အတွက် သာလျှင် ဖြစ်ပါတယ်။

စိုင်ကွန် မေးထားတဲ့ မေးခွန်းနံပါတ် လေး ရဲ့ အဓိက အချက်ကတော့ လူတစ်ယောက်ဟာ သူသေဆုံးသွားရင် သူ့ရဲ့ခန္ဓာကိုယ်ကို ဆေးပညာဆိုင်ရာ သုတေသန အတွက် အသုံးပြုဖို့ လှု လို့ရ၊ မရဆိုတာပါဘဲ။

ကျွန်တော့် အမြင်ပြောရရင်တော့ ဆေးပညာသင်ကြားမှု၊ သုတေသန အတွက် တစ်ကယ် လိုအပ်ချက် ရှိနေတယ် ဆိုရင် တော့ သေတဲ့အခါ ဘော်ဒီ ကို လှုလို့ရပါတယ်။ အဲလိုလှုတဲ့
အခါမှာ အလ္လာဟ်အရှင်မြတ် ထံတော်ပါးကနေ နှစ်မြို့မှုရလို တယ်ဆိုတဲ့ စိတ်ထားရှိနေဖို့တော့ လို ပါတယ်။ ကျွန်တော် ဒီ အဖြေ အတွက်လည်း ကုရ်အာန် အာယဟ်တော် ကိုဘဲ
အထောက်အထားပြု ပါတယ်။ စူရဟ် ၂၊ အာယဟ်တော် ၂၀၇ ပါ။

ထို့ပြင်တဝ လူတို့အနက်အချို့သည် အလ္လာဟ် အရှင်မြတ်နှစ်မြို့တော်မူခြင်းကို ရစိမ့်သောငှါ  မိမိ၏ အသက်ကို ပင်စွန့်လှု၏။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်
သည် ဤသို့ (စေတနာဖြူစင်သော) ကျွန်များကို အလွန် ချစ်ကြင် သနားတော်မူ သောအရှင် ဖြစ်တော်မူ၏။

(more…)

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (The Sage ဖြေ (၄))

စလာမ်ပါ ခင်ဗျား။

ဟုတ်ပါတယ်။ နံပါတ် သုံး မေးခွန်းနဲ့ပတ်သတ်လို့ အထက်မှာဖော်ပြထားတဲ့ ကုရ်အာန်အာယဟ် တော်ကို
အထောက်အထားယူလို့ရပါတယ်။ ဒီ နံပါတ် သုံး မေးခွန်းနဲ့ ပတ်သတ်လို့ တစ်ခုထပ်စဉ်းစားရမှာက
သေသူ အလှုရှင်ရဲ့ အနီးကပ်ဆုံး မိသားစုဝင်တွေ က ရော လှုဖို့ သဘောတူလားဆိုတာပါ။ သူတို့ရဲ့ စိတ်ခံစားမှု
တွေကိုပါအလေးထားသင့်ပါတယ်။ သေသူ ကိုယ်တိုင်က မသေခင်ကတည်းက လှုခဲ့လို့ ဥပဒေအရတော့
ပြသာနာမပေါ်နိုင်ပေမယ့် ဘာသာရေးအရ ကြည့်ရင် တော့ အနီးကပ်ဆုံး မိသားစုဝင်တွေကပါ သဘောတူ
ရင် ပိုကောင်းမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အစ္စလာမ် က ကျန်ရစ်သူတွေရဲ့ စိတ်ခံစားမှုတွေကိုလည်း
တန်ဖိုးထားလို့ပါ။ ဒီတော့ အလှုရှင်အနေနဲ့ မသေခင်မှာ မိမိရဲ့ အလှုအကြောင်း သက်ဆိုင်ရာ မိသားစုဝင်
တွေကို ပါ ကွန်ဗင့်စ် လုပ်ခဲ့ရင် တော့အကောင်းဆုံးပါ။ ပြီးတော့ အော်ဂဲန် ထုတ်မယ်ဆိုရင်လည်း ဘော်ဒီ ကို
အတတ်နိုင်ဆုံးလေးစားသမှုပေးရပါ့မယ်။ လူသေဘဲကွာ ဆိုပြီး မလေးမစားလုပ်လို့မရပါဘူး။ အစ္စလာမ် က
လူသေတွေကို ဂုဏ်ပေးဖို့ သင်ပေးထားပါတယ်။ ဒီမေးခွန်းနဲ့ပတ်သတ်ပြီး ကမ္ဘာကျော် ပညာရှင်ကြီးတွေရဲ့
ဖသ်ဝါ တွေလည်း ရှိပါတယ်။ လေ့လာစေချင်ပါတယ်။

စိုင်ကွန်ရဲ့ မေးခွန်းလေးခု ကို ကျွန်တော်ပြီးအောင် တင်ပေးပြီးမှ မေးခွန်းအသစ်ကို
ဖြေပေးပါ့မယ် ခင်ဗျား။

လေးစားပါတယ်ဗျာ
The Sage

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (မေးသူမှ (၂) )

Reply by Xykon on July 20, 2009 at 4:30am
Send Message
Delete
စလာမ်ပါ

Xykon ရဲ့အမေးထဲက အထအန ကောက်လို့ရတာလေးတွေ Xykon ကြိုရှင်းထားချင်လို့ပါ… Xykon အနေနဲ့ ပိုင်မပိုင်လို့မေးထားမိပါတယ်… ပိုင်မပိုင်မပြောနိုင်ရင်လည်း ဒီက အကိုအမတွေရဲ့ ကိုယ်ပိုင်အမြင်ကိုမေးတာပါလို့… တကယ်လို့များ တယောက်ယောက်က ငါတို့က ဘာသာရေးအဆုံးအဖြတ်ပေးသူမဟုတ်ဖူး… ဒီတော့ ပိုင်မပိုင်လို့ပြောလို့မရဖူးလို့ပြောလာမှာစိုးလို့ပါနော်…

The Sage ကိုကျေးဇူးတင်ပါတယ်.. ကိုယ်ပိုင်အမြင်ကိုပြောပြတဲ့အတွက်ပါ… အချို့က မပိုင်ဖူးလို့ပြောတဲ့လူတွေကို The Sage မေးသလိုမျိုးတော့မေးဖူးတယ်… သူတို့လည်း ပါးစပ်ပိတ်သွားတယ်… ဒါပေမဲ့ အဓိက က NO.3 & NO.4 ပါ… Xykon ကြားဖူးတာက အပေါ်က ဟာဖိဇ် ဆားဗ် ပြောသလိုပါပဲ… ဒါပေမဲ့နားသိပ်မရှင်းတာရယ်ကြောင့်ပါနော်… တခါတရံ စကားပြောလို့ အမှားပါခဲ့ရင် ဒီက အကိုအမတွေကိုတောင်းပန်ပါတယ်နော်… Xykon အပြောမတတ်လို့ ပါ…

ဝလ္လာဟုအအ်လမ် ၊ ဝစ္စလာမ်

copy ကူးသွားတယ် 🙂

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (The Sage ဖြေ (၃))


(2) မသေခင်လှူလို့ရတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေလှူတာ အလှူခံတာ ဘာသာရေးအရခွင့်ပြုမပြု
(အသည်းနဲ့ ကျောက်ကပ်က မသေခင်မှာလှူလို့ရတယ်ဆိုတာသိထားပါတယ်)

ဒီမေးခွန်းကို လည်း လှုလို့ရပါတယ်လို့ဘဲ ဖြေမှာပါ။ ဘာလို့လဲဆိုတော့ အစ္စလာမ် က လူ့အသက်တွေကို ကယ်ဖို့
ညွှန်ကြားတဲ့ သာသနာပါ။ လူ့အသက်တစ်ချောင်းကို ကယ်ရင် လူသားအားလုံးရဲ့အသက်ကို ကယ်သလိုပါဘဲလို့
အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်က ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် တော် ၅း အာယဟ်တော် ၃၂မှာ

……….ထိုနည်းတူစွာ မည်သူမဆို လူတဦးတယောက် ကို (အသက်ဘေးအန္တရာယ်
မှ ကယ်ဆယ်ခြင်းအား ဖြင့်) အသက်ရှင်စေခဲ့ပါမူ၊ ထိုသူသည်လူအပေါင်းတို့အား အသက်ရှင်စေ
ဘိသကဲ့သို့ပင်ဖြစ်၏။……….

အမြဲသတိထားရမှာ တစ်ခုကတော့ ကိုယ်တွင်းအင်္ဂါ အော်ဂဲန်လှုမယ်ဆိုရင်လည်းပဲ
ရောင်းစားတဲ့ပုံစံမျိုးမဖြစ်ရဘူး။ ပြီးတော့ လှုလိုက်လို့ လှုတဲ့သူကအသက်အန္တရာယ်
ဖြစ်မယ် ဆိုရင်လည်းပဲ လှုလို့မရပါဘူး။

လေးစားပါတယ်ဗျာ
The Sage

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (The Sage ဖြေ (၂))

စလာမ်ပါ စိုင်ကွန် ခင်ဗျား။

သွေးလှုဘဏ်ကို သွေးပေးတဲ့လူက ရောင်းတာကိုဆိုလိုထားတာမဟုတ်ပါဘူး။
သွေးလှုတဲ့လူက ဘဏ်ကို လှုပြီး ဘဏ်က သွေးပြန်ထွက်တော့ တစ်နည်းနည်းနဲ့
ပိုက်ဆံ ကိစ္စပါဝင်နေတာကို ပြောတာပါ။ ကျန်တာတွေလည်း သိသလောက် ဖြေပေး
ပါ့မယ်။

လေးစားပါတယ်ဗျာ
The Sage

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (မေးသူမှ)

Reply by Xykon on July 20, 2009 at 2:32am
Send Message
Delete
အကိုကျေးဇူးပဲ..Xykon လိုချင်တာလည်း အဲ့ဒါပါပဲ… Xykon အနေနဲ့ကတော့ မျက်မြင် ကိုယ်တွေ့ပါ… တခါတရံ သွေးလှုဘဏ်မှာ မရောင်းပဲနဲ့ တိုက်ရိုက်လှုလို့ရပါတယ်… အများကြီးလိုက်မလုပ်နိုင်ခင်မှာ သွေးလှုတာကို ပိတ်ပင်တားမြစ်ခြင်းမရှိဖူးလို့ အကိုပြောတယ်လို့ လက်ခံယူဆပါတယ်… သွေးလှုဘဏ်က သွေးရောင်းတာကတော့ သူတို့ငရဲမကြောက်လို့လုပ်တာပဲ… islam မှမဟုတ်ပါဖူး ဘယ်ဘာသာမှာမဆို ဒါမျိုးကခွင့်ပြုမယ်လို့ မထင်ပါဖူး… ဘာသာရေးအရ တားမြစ်ထားခြင်းမရှိဖူးလို့ အားလုံးသိသွားအောင်ပြောတာကိုကျေးဇူးပါ… ကျန်တာတွေရောအကို

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (The Sage ဖြေ)

စလာမ်ပါ ကို /မ စိုင်ကွန် ခင်ဗျား။

ပထမဦးဆုံးအနေနဲ့-ခုလို ကျွန်တော်တို့ရဲ့ဆိုက်မှာ မင်ဘာအဖြစ် ဝင်ရောက် ပြီး၊
သာသနာတော်အတွက် အကျိုးရှိစေမယ့် ဆွေးနွေးမှုလေးကို ပြုပေးတဲ့အတွက်
IFM အဒ်မင် တွေနဲ့ မင်ဘာအားလုံး ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါရစေ။

ကို / မ စိုင်ကွန် မေးထားတဲ့ မေးခွန်းတွေ ကို ကျွန်တော်ဖြေပြီးသားပါ၊ သို့သော် ဘယ်မှာမှ မတင်ရ
သေးဘူးလို့ ပြောဖူးပါတယ်။ ဒီဆိုက်မှာ မေးခွန်းတွေတင်ရတဲ့ ရည်ရွယ်ချက်ကလည်း တစ်ခြားသူ
တွေဘယ်လို ဖြေမလဲလို့ သိချင်တဲ့ အတွက်ပါ။ ဒါပေမယ့် ခုထိ ဟာဖိဇ် ဆားဗ် တစ်ယောက်ကဘဲ
သူ့ကိုယ်ပိုင်အမြင်နဲ့ ဖြေပေးထားတာတွေ့ရပါတယ်။ ဒီတော့ ကျွန်တော့် အနေနဲ့ ရေးထားပြီး
သားအဖြေတွေကို နည်းနည်းပါးပါး မွမ်းမံပြီး တင်ပေးသင့်နေပြီ လို့ယူဆမိတဲ့ အလျောက်
ကို / မ စိုင်ကွန် မေးထားတဲ့ မေးခွန်းတွေ ကို တစ်ခုခြင်းစီ၊ တစ်နေ့တစ်ခုစီ ဖြေပေးသွားပါ့မယ်လို့။

(1) သွေးလှူတာ တချို့ကမပိုင်ဘူးလို့ပြောကြပါတယ်… အဲ့ဒါဟုတ်ပါသလား… သွေး ၁၀ကြိမ်လှူဖူးလို့ပါ….

ကို / မ စိုင်ကွန်ရဲ့ မေးခွန်းမှာ “တချို့” လို့သုံးထားပါတယ်။ တချို့ ဆိုတာဘယ်သူတွေလဲ? အဲဒီတချို့
ဆိုသူတွေကို ပြန်မေးကြည့်လို့ရရင် နည်းနည်းမေးကြည့်လား? “သွေးလှူတာ မပိုင်ဘူးဆိုရင်၊ မပိုင်ဘူး
ပြောတဲ့ လူတွေ က သွေးလိုအပ်နေရင်ရော အလှုခံမှာလားလို့”။

ကျွန်တော့် အမြင်ပြောရရင် တော့ သွေးတစ်ကယ်လိုအပ်နေလို့ လှုတယ်ဆိုတာ ပိုင်မပိုင်
စဉ်းစားနေ ရမယ့် ကိစ္စတောင်မဟုတ်ပါဘူး။ လှုကိုလှုရမယ့် ကုသိုလ်ရေးကိစ္စပါ။
တစ်ခုတော့ ရှိတာပေါ့။ အဲလို လှုလိုက်လို့ ကိုယ့်ကျန်းမာရေး ကို မထိခိုက်ဘူးဆိုရင်ပေါ့။
ထိခိုက်မယ်ဆိုရင်တော့ အစ္စလာမ် ကလည်း ခွင့်မပြုသလို၊ ဆေးပညာဥပဒေနဲ့ ဆေးပညာရှင်
တွေကလည်း ခွင့်မပြုပါဘူး။ အထက်ပါ အမြင်က သွေးတစ်ကယ်လိုအပ်တဲ့ လူနာကို တိုက်ရိုက်သွေးလှု
တာ ကို ရည်ညွန်းပါတယ်။

သွေးလှုဘဏ်ကို လှုတဲ့ ကိစ္စမျိုးကြတော့ စဉ်းစားစရာတွေရှိလာပါပြီ။ ဘာလို့လဲဆိုတော့
သွေးတွေကို တစ်ကယ်လိုအပ်တဲ့ အခါ သွေးလှုဘဏ် က သွေးဘယ်တော့မှ အလကား
မရပါဘူး။ လှူတဲ့ လူက စေတနာသန့်သန့်နဲ့ အလကားလှုပေမယ့် သွေးလှုဘဏ်နဲ့
ဆက်စပ်နေတဲ့ လူတွေက သိတဲ့အတိုင်းပါဘဲ။ ဒီတော့ ကိုယ်က လှုလိုက်ပေမယ့် ကိုယ့်လှူလိုက်
တဲ့သွေး ကို လိုချင်တဲ့ လူတွေက ပိုက်ဆံပေးရပါတယ်။ အစ္စလာမ် မှာသွေးလှုလို့ရပေမယ့်
သွေးရောင်းစားလို့ မရပါဘူး။ ကောင်တာမေးခွန်း မေးနိုင်ပါတယ်။ “လှုတဲ့သူကပိုက်ဆံမှ
မယူတာလို့”။ အဲလိုမေးလာတော့မှ ဆက်ဖြေပေးပါ့မယ်။

ဝလ္လာဟုအအ်လမ် ၊ ဝစ္စလာမ်

မေးခွန်းတွေကို ကြိုဆိုနေမယ့်
The Sage

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား?

Reply by Xykon on July 20, 2009 at 12:09am
Send Message
Delete
သိချင်တာကတော့ သေပီးတဲ့လူတယောက်အနေနဲ့ ဆေးပညာဆိုင်ရာအသုံးချရန်အတွက် ခန္ဓာကိုယ်လှူတဲ့ ကိစ္စပါ… အဲ့ဒါ ဘာသာရေးအရဘောင်ဝင်မဝင်သိချင်ပါတယ်… ဆင့်ပွါးမေးခွန်းတွေရှိပါသေးတယ်… ရှင်းသွားအောင် နံပါတ်လေးတပ်ပီးမေးပါမယ်…

(1) သွေးလှူတာ တချို့ကမပိုင်ဘူးလို့ပြောကြပါတယ်… အဲ့ဒါဟုတ်ပါသလား… သွေး ၁၀ကြိမ်လှူဖူးလို့ပါ….

(2) မသေခင်လှူလို့ရတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေလှူတာ အလှူခံတာ ဘာသာရေးအရခွင့်ပြုမပြု (အသည်းနဲ့ ကျောက်ကပ်က မသေခင်မှာလှူလို့ရတယ်ဆိုတာသိထားပါတယ်)

(3) မသေခင်မှာ သေတဲ့အခါအသုံးပြုလို့ရတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေလှူတာ အလှူခံတာ ဘာသာရေးအရခွင့်ပြုမပြု (မျက်ကြည်လွှာနဲ့ နှလုံးကိုသေပီးပီးချင်းထုတ်ယူပီးတခြားသင့်တော်သူကို လွှဲပြောင်းပေးလို့ရတယ်လို့သိထားပါတယ်… မျက်ကြည်လွှာကိုလှူထားပါတယ်… မျက်ကြည်လွှာက သေလို့ထုတ်ယူပီးရင် ၄လလောက်ထိန်းသိမ်းထားလို့ရတယ်လို့လည်းသိထားပါတယ်)

(4) အရေးအကြီးဆုံးမေးခွန်းပါ … တကယ်လှူချင်တဲ့ဆန္ဒရှိလို့ နီးစပ်ရာမှာမေးဖူးပါတယ်… လှူလို့မရဖူးဆိုတာပဲပြောပါတယ်… လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်မရပါဖူး
မေးခွန်းက သေဆုံးသွားသောသူတယောက်အနေဖြင့် မသေခင်ကပင် ကိုယ်ခန္ဓာတခုလုံးအား ဆေးပညာသုတေသနပြုရန်လှူဒါန်းပါက ပိုင်မပိုင်… အကျိုးအကြောင်းသင့်လေးရှင်းပြပေးပါ…

နံပါတ်၎မေးခွန်းနဲ့ပက်သက်ပီး ကိုယ်ပိုင်အမြင်ကိုပြောပါအုံးမယ်… အရင်ရှင်းပြတဲ့သူလည်းသေသေချာချာပြောပါတယ်… သူက ဂျနာဇာဘယ်လိုဖတ်မလဲလို့ပြန်မေးပါတယ်… မိုင်ယပ်ဘယ်လိုလုပ်မလဲလို့ မေးပါတယ်… အဖြေမပေးနိုင်ပါဖူး… ဒါပေမဲ့ အဲ့ဒီလိုမျိုးလှူတဲ့လူမျိုးမရှိရင် ယနေ့လိုဆေးသိပံ္ပပညာတိုးတတ်နိုင်ပါ့မလားလို့ပါ… တကယ်တော့ ဆေးပညာရှင်မဟုတ်ပါဖူး… တကယ်လို့မလိုအပ်ရင်တော့ ကိစ္စမရှိပါဖူး… ဒါပေမဲ့ စိတ်ထဲမှာ မရှင်းတာက အဲ့ဒါမျိုး islam ဘာသာမှာဘယ်လိုမှလုပ်လို့မရဖူးဆိုရင် … islam ဟာအဲ့ဒီအပိုင်းမှာ လိုအပ်နေတယ်လို့ တယောက်ယောက်ကပြောမှာကြောက်ပါတယ်… islam ကို သူလိုငါလိုလက်ခံသူလည်းမဖြစ်ချင်ပါဖူး… တကယ်ကို အခြေခံကျကျခိုင်မာစွာနားလည်ချင်လို့ပါ… ကူညီဖြေကြားပေးကြပါ…..

Blog at WordPress.com.