မွတ်စ်လင်မ့် "အသိ"

August 12, 2009

အာယဟ်တော် ၅း၃၃ နှင့်ပတ်သတ်၍ အမေး အဖြေ

Xykon မှမေး

အကိုပေးတဲ့ စူရဟ် နဲ့အာယဟ်တော် ကိုဖတ်ရင်းနဲ့ ရှေ့နောက်ဝဲယာ လျှောက်ပြီးဖတ်လိုက် Xykon တွေ့တဲ့ အာယဟ်တော် ၅း၃၃ မှာက

” အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (၏ အမိန့်တော်များ) ကို (သွေဖည်ငြင်းဆန်ပုန်ကန်) တိုက်ခိုက်ကြကုန်၏။ ၎င်းပြင် ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်ကြကုန်၏။ ထိုသူတို့၏ အပြစ်ဒဏ်သည်ကား ၎င်းတို့သည်သတ်ဖြတ်ခြင်းခံကြရမည်၊ သို့မဟုတ် လက်ဝါး ကပ်တိုင်တင်ခြင်း ခံကြရမည်၊ သို့မဟုတ် ၎င်းတို့၏ ခြေလက်တို့ကို လက်ျာ လက်ဝဲဘက် လွှဲ၍ ဖြတ်တောက်ခြင်းခံကြရမည်၊ သို့မဟုတ် ပြည်နှင်ဒဏ် ပေးခြင်းခံကြရမည်ဖြစ်၏။ ဤသည်ကား ၎င်းတို့အား မျက်မှောက်ဘဝ၌ ကျိုးယုတ်ရှက်ရဖြစ်စေခြင်းပင်ဖြစ်၏။ ၎င်းပြင် ထိုသူတို့၌ နောင်တမလွန်ဘဝတွင်(လည်း) အလွန်ကြီးလေးသော ပြစ်ဒဏ်သည် ရှိပေမည်။ “

လို့ရေးထားတာတွေ့တယ်… အဲ့ဒီမှာမရှင်းတာလေးမေးချင်လို့…

” ထိုသူတို့၏ အပြစ်ဒဏ်သည်ကား ၎င်းတို့သည်သတ်ဖြတ်ခြင်းခံကြရမည်၊ သို့မဟုတ် လက်ဝါး ကပ်တိုင်တင်ခြင်း ခံကြရမည်၊ သိသို့မဟုတ် ၄တို့၏ ခြေလက်တို့ကို လက်ျာလက်ဝဲဘက်လွှဲ၍ ဖြတ်တောက်ခြင်းခံကြရမည်၊ သို့မဟုတ် ပြည်နှင်ဒဏ် ပေးခြင်းခံကြရမည်ဖြစ်၏။ ဤသည်ကား ၎င်းတို့အား မျက်မှောက်ဘဝ၌ ကျိုးယုတ်ရှက်ရဖြစ်စေခြင်းပင်ဖြစ်၏။ “

ဆိုတာတွေက Islam တွေကလုပ်ရမှာလား… ဒါမှမဟုတ် သူ့ဟာသူ အဲ့ဒီအပြစ်ဒဏ်တွေကို ခံစားရမှာလား.. တကယ်ဆို Isreal တွေ Islam တွေကို မိုက်ရိုင်းတိုက်ခိုက်နေတာ သူတို့ဘာဖြစ်လို့ အဲ့ဒါတွေမခံစားရတာလဲ…

————————————

The Sage မှဖြေ

ချစ်ခင် လေးစားအပ်ပါသော ကျွန်တော့်ရဲ့ သာသနာ့ ခရီးဖော် စိုင်ကွန် မေးထားတဲ့ နောက်မေးခွန်းတစ်ခု ကတော့ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် တော် ၅ (အလ်မာအိဒဟ်)၊ အာယဟ်တော် ၃၃ နဲ့ဆက်စပ်မေးတဲ့ မေးခွန်းပါ။ အာယဟ်တော် ရဲ့ မြန်မာဘာသာပြန်ကို အရင်ရေးပြပါ့မယ်။

“အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်
တော်မြတ် (၏အမိန့်တော်များ) ကို (သွေဖည် ငြင်းဆန် ပုန်ကန်) တိုက်ခိုက်ကြကုန် ၏။
၎င်းပြင် ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီး ကြောင်း ကို ပြုလုပ်ကြကုန်၏။ ထိုသူတို့၏
အပြစ်ဒဏ်သည်ကား ၎င်းတို့သည် သတ်ဖြတ်ခြင်း ခံကြရမည်၊ သို့မဟုတ် လက်ဝါးကပ်
တိုင် တင်ခြင်း ခံကြရမည်၊ သို့မဟုတ် ၎င်းတို့၏ ခြေလက်တို့ကို လက်ျာ လက်ဝဲ ဘက်
လွဲ၍ဖြတ်တောက်ခြင်း ခံကြရမည်၊ သို့မဟုတ်ပြည်နှင်ဒဏ် ပေးခြင်း ခံကြရမည် ဖြစ်၏။
ဤသည် ကား၎င်းတို့အား မျက်မှောက် ဘဝ ၌ကျိုးယုတ်ရှက်ရဖြစ် စေခြင်း ပင် ဖြစ်၏။
၎င်းပြင် ထိုသူတို့၌ နောင်တမလွန်ဘဝတွင် လည်း)အလွန်ကြီးလေးသောပြစ်ဒဏ်သည်
ရှိပေမည်။”

အထက်ပါ အာယဟ်တော် က အလ္လာဟ်အရှင်မြတ်က ပြစ်မှုဆိုင်ရာ ဥပဒေ တစ်ခု နဲ့ ပြစ်ဒဏ် တွေ
ကို ပြဋ္ဌာန်းနေခြင်းဘဲ ဆိုတာကို သေသေချာချာ နားလည်အောင်ဖတ်တတ်တဲ့ သူတိုင်းက သိကြမှာပါ။

အထက်မှာ တင်ပြထားတဲ့ မြန်မာဘာသာပြန်မှာ “(၏အမိန့်တော်များ)” “(သွေဖည် ငြင်းဆန် ပုန်ကန်)”စတဲ့ လက်သည်းကွင်းနဲ့ ရေးထားတဲ့ စာသားတွေက မူရင်းအရဗီ မှာလုံးဝ မပါပါဘူး။ ဆရာကြီးအလ္လာမဟ် ဃာဇီဟာရှင်မ် က ဖတ်သူတွေကို ရှင်းပြလိုတဲ့ စေတနာနဲ့ ထည့်ရေးခဲ့တာလို့ ယူဆပါတယ်။ မူရင်း အရဗီ မှာ “အလ်လဇီးန ယုဟားရိဗူး နလ္လားဟ ဝရစူလဟူ” ပါ။ အဓိပ္ပါယ် က “အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ် တမန်တော်မြတ် ကို တိုက်ခိုက်ကြကုန် ၏။” အဲလိုပါ။

ဒီတော့ အရမ်းကိုရှင်းနေတာက၊ အလ္လာဟ်အရှင်မြတ်နဲ့ ရစူလ်တမန်တော်မြတ်ကို တိုက်ခိုက်တဲ့ သူတွေကို အထက်ပါ ပြစ်ဒဏ်လေးခု ထဲက တစ်ခုခုပေးရမယ် လို့ ပြစ်ဒဏ် ပြဋ္ဌာန်း ထားတယ် ဆိုတာပါဘဲ။ ဟုတ်ပြီ ဒါတော့ ရှင်းပြီ၊ ဒါဆို “တိုက်ခိုက်တယ်” ဆိုတာက ဘာကိုဆိုလိုတာလဲ? အဲဒီ အပြစ်ဒဏ်တွေကိုရော မုစ်လင်မ် တွေက ပေးရမှာလား၊ စီရင် ရမှာလား?

ဒီတော့ “တိုက်ခိုက်တယ်” ဆိုတဲ့ အဓိပ္ပါယ် ကို သေချာစဉ်းစားကြည့်ရင် တိုက်ခိုက်တာပါဘဲ။
ဆွေးနွေးတာမဟုတ်ပါဘူး။ ဝေဖန်တာမဟုတ်ပါဘူး။ သက်သက်ကို တိုက်ခိုက်တာပါ။
စော်ကားတာပါ။ အသရေဖျက်တာပါ။ ဥပမာနဲ့ ပြောပါ့မယ်၊ ကာဖိရ် တစ်ယောက်က အစ္စလာမ်
သာသနာ နဲ့ပတ်သတ်ပြီး ဆွေးနွေးလိုတဲ့၊ ဝေဖန်လိုတဲ့ သဘောနဲ့ “အလ္လာဟ်ကိုရောဘယ်သူက
ဖန်ဆင်းတာလဲ? အရာရာဟာဖန်ဆင်းခြင်းခံရတာဆို?” အဲလိုပြောလာရင် အဲဒါဟာ ဆွေးနွေး
တာပါ၊ ဝေဖန်တာပါ။ တိုက်ခိုက်တာလို့ပုဒ်မတတ်လို့မရပါဘူး။ အစ္စလာမ်ကအဲလိုမေးခွန်း
တွေကို ကြိုဆိုပါတယ်။ အဲလိုမေးတဲ့သူတွေကို ကြိုဆိုပါတယ်။ နွေးထွေးစွာကိုကြိုဆိုတာပါ။
စူရဟ် ၁၆၊ အာယဟ်တော် ၁၂၅ ကို ကြည့်ပါ။ နောက် ဥပမာတစ်မျိုးပြောမယ်၊ ကာဖိရ် တစ်
ယောက်က မုစ်လင်မ် တွေကို နာကျင်ခံစားစေလိုတဲ့ သဘောယုတ်၊ သဘောဆိုးနဲ့ “အရှင်မြတ်”
ဆိုတဲ့ မြန်မာစကားကို “အသေရှုံး”၊ “အလ္လာဟ်” ကို “အသွား”၊ “အပြန်”၊ “မုဟမ္မဒ်” ကို “ဟိုဟာမက်”၊
“ဒီဟာမက်”။ အဲလိုမျိုး ပြောင်လှောင်ခေါ်ဆိုရင်တော့ အဲဒါ တိုက်ခိုက်တာပါ၊ စော်ကားတာပါ၊
ယုတ်မာတာပါ၊လူမဆန်တာပါ။ အထက်ပါ အာယဟ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်လေးမျိုးထဲကတစ်မျိုးမျိုးဟာ အဲလို တိုက်ခိုက်တဲ့ လူတွေအတွက်ပါ။ ဒါရှင်းပါပြီနော်။

ကောင်းပြီ ဒါဆိုရင် နောက်မေးခွန်းတစ်ခုက၊ အဲဒီပြစ်ဒဏ်တွေကို စီရင်ပိုင်ခွင့် ဘယ်သူ့မှာရှိတာလဲ? မုစ်လင်မ် တိုင်းမှာရှိတာလား? ဆိုတော့ မရှိပါဘူး။ ဘာလို့မရှိလည်းဆိုရင် ဒါဟာဥပဒေကပြဋ္ဌာန်းတဲ့ ပြစ်ဒဏ်မို့လို့ပါဘဲ။ ဒါဆိုဘယ်သူတွေမှာရှိလဲ? အစ္စလာမ့်ဥပဒေကို အပြည့်အဝကျင့်သုံးတဲ့ အစ္စလာမ့်နိုင်ငံ တွေမှာ ခန့်ထားတဲ့ တရားရုံးတော် တွေမှာဘဲ (တစ်နည်းအားဖြင့်) အစ္စလာမ့်တရားသူကြီး တွေမှာဘဲ ပြစ်ဒဏ်စီရင်ပိုင်ခွင့်ရှိပါတယ်။ ဒီလိုဘဲ စီရင်လိုက်လို့ရလား လို့တစ်စုံတစ်ယောက်ကမေးလာပြန် ရင်တော့၊ “တရားစီရင်ခြင်း” ဆိုတဲ့ စကားရပ် ရဲ့ အဓိပ္ပါယ် ကိုအရင် နားလည်အောင်လုပ်ပါလို့ဘဲ ကျွန်တော် ပြောလိုက်မှာပါ။

ဥပဒေချိုးဖောက်မှုနောက်တစ်ခုဖြစ်တဲ့ “ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်း” ဆိုတာကိုတော့ ထပ်ရှင်းပြနေစရာလိုမယ် မထင်ပါဘူး။ အစ္စရာအီလ် တွေက မုစ်လင်မ် တွေကိုနှိပ်စက်တာ ဘာလို့ဘာမှ မဖြစ်လဲဆိုတာကိုတော့ ဖြေစရာကို မလိုတော့ဘူးထင်ပါတယ်။ မလိုတော့ဘူးလို့ထင်ရ ခြင်းကိုအထောက်အပံ့ပေးထားတဲ့ အချက်တွေ ထဲက နှစ်ချက်ကိုဘဲ ပြောပါ့မယ်။ (၁) ကုရ်အာန်မှာ မုစ်လင်မ်တွေကို နှိပ်စက်တဲ့ လူတွေကို အဲဒီပြစ်ဒဏ်တွေ ပေးရမယ်လို့ မိန့်ထားတာမဟုတ်ပါဘူး။ (၂) မုစ်လင်မ်တွေကို နှိပ်စက်တဲ့ လူတွေကို အလ္လာဟ်အရှင်မြတ်က ဒီလောကမှာကို အဲဒီပြစ်ဒဏ်တွေ ပေးမယ်လို့ မိန့်ထားတာမဟုတ်ပါဘူး။

စိုင်ကွန် နဲ့ ကျွန်တော် အပါအဝင် အားလုံး ကို အကျိုးရှိစေနိုင်မယ့် ခုလို မေးခွန်းတွေ ကို
ကြိုဆိုလျက်ပါလို့ ပြောကြားရင်း။

ကျေးဇူးတင်ပါတယ်။

ဝလ္လာဟုအအ်လမ်၊ ဝစ္စလာမ်
The Sage

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a comment

Create a free website or blog at WordPress.com.