မွတ်စ်လင်မ့် "အသိ"

August 15, 2009

အတိုးစားလို့ရမရ (The Sage ဖြေ ၂)

စလာမ် ပါခင်ဗျား

စိုင်ကွန်ခင်ဗျား

အထက်ပို့စ် မှာ “အတိုးစားခြင်း” နဲ့ သက်ဆိုင်တဲ့ အာယဟ်တော် အချို့နဲ့ ဟဒီးစ်တော် တစ်ပုဒ် တင်ပြခဲ့ပါတယ်။ အခုဒီပို့စ်မှာတော့ စိုင်ကွန် မေးထားတဲ့မေးခွန်းတွေ ကို ဖြေပေးပါ့မယ်။

စိုင်ကွန်ရဲ့ ဂျနရလ် မေးခွန်းက………………..

“စီးပွါးရေးတွေထဲက စီးပွါးရေးတခုဖြစ်တဲ့ ဘဏ် လုပ်ငန်းလုပ်ကိုင်ပါက သင့်တော်မယ်လို့ ထင်ပါသလား။ မသင့်တော်ဖူးလို့ထင်ပါသလား???”

စီးပွါးရေးလို့ ခေါင်းစဉ်တပ် လိုက်တာနဲ့ အစ္စလာမ်သာသနာ က ခွင့်ပြုထားတဲ့ (ဒါမှမဟုတ်) လူ့ယဉ်ကျေးမှု နဲ့ လူ့အသိုင်းအဝိုင်း မှာ ခွင့်ပြုသင့်တဲ့ လုပ်ငန်းဖြစ်မသွားပါဘူး။  အဲဒီလို စီးပွါးရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစ္စလာမ် သာသနာက ခွင့်မပြုတဲ့ လုပ်ငန်း ကိစ္စရပ် တွေဟာ အများကြီးပါ။ ဥပမာ-အရက်ရောင်းခြင်း၊ နိုက်က လပ်လုပ်ငန်း စသည် စသည် မျိုးပါ။ ဒါက စိုင်ကွန်ရဲ့ မေးခွန်းနဲ့ မပတ်သတ်ပါဘူး။ ကြုံတုံး သတိပြု မိအောင်ရေးပြခြင်းပါ။ စိုင်ကွန်ရဲ့ ဂျနရလ်မေးခွန်း ကို တတ်ခ်ျ လုပ်ပါပြီ ခင်ဗျား။

ဘဏ်လုပ်ငန်း လို့ယေဘုယျ ဆိုလိုက်တာနဲ့ ငွေချေးတာတွေ၊ အပေါင်ခံတာတွေ၊ အတိုးပေးတာတွေ၊  အတိုးစားတာတွေ ပါလာပါပြီ။ ဟုတ်ပါတယ်နော်။ ဒီတော့ဘဏ်လုပ်ငန်း လုပ်လို့ရလားဆိုတာကို ကျွန် တော့်အမြင်ပြောရရင်၊ အလ္လာဟ် နဲ့ အလ္လာဟ့် ရစူလ် က တားမြစ်ထားတဲ့ ကိစ္စရပ်တွေပါဝင်နေတဲ့ ဘဏ်လုပ်ငန်းမျိုး ဆိုရင် လုပ်လို့မရဘူးလို့ထင်ပါတယ်။ ဒါပေမယ့် ခေတ်စနစ်ရဲ့ လိုအပ်ချက်အရ ငွေစုခြင်း၊ ငွေလွှဲခြင်း၊ စီးပွါးရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ခံခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း စတဲ့ လုပ်ငန်းတွေကို ဆောင် ရွက်နိုင်ဖို့ ဘဏ် လုပ်ငန်း ဆိုတာတော့ ရှိဖို့လို အပ်ပါတယ်။ အဲဒီအတွက်ကြောင့် မုစ်လင်မ် ပညာရှင်တွေဟာ အလ္လ္လာဟ်

နဲ့ အလ္လာဟ့် ရစူလ် ရဲ့ အမိန့်တော်တွေ ရဲ့ အလင်း ရောင် အောက်မှာ ရှရီအဟ် နဲ့ အညီ ဆောင်ရွက်လှုပ်ရှားနိုင်မယ့် အစ္စလာမစ်ဘဲန်ကင်းဂ် ဆိုတဲ့ စနစ်ကိုရေးဆွဲ ထားတဲ့ မော်ဒလ်တွေရှိပါတယ်။ စာအုပ်၊စာပေ၊ဗီဒီယို၊ အင်တာနက် စတဲ့ မီဒီယာတွေမှာ ဒီအကြောင်း လေ့လာနိုင်ပါတယ်။ အလ္လာဟ်အရှင်မြတ် က ဒီ အစ္စလာမစ်ဘဲန်ကင်းဂ် ကို နှစ်သက် တော်မူတယ်လို့ ကျွန်တော် ယူဆရတဲ့အကြောင်းကတော့ ၂၁ ရာစု အစမှာတင်ကို အလွန်အောင်မြင်တဲ့ အစ္စလာမစ်ဘဏ်တွေအများကြီး ပေါ်ပေါက်လာပါတယ်။ အနောက်နိုင်ငံ က တစ်ချို့ ဘဏ်ကြီးတွေတောင် အစ္စလာမစ် စနစ်တွေကို အော်ဖာ လုပ်လာကြပါပြီ။ ရေနံ ကရတဲ့ ရဗနူးတွေဟာအတိုးပါဝင်တဲ့ မော်ဒန် ဘဲန်ကင်းဂ် စနစ် တွေ ကို ကောင်းကောင်း အံတုပြီး အစ္စလာမစ်ဘဏ်တွေ ရဲ့ ဒမန်း (ဝယ်လိုအား) တွေဟာ တိုးသထက်တိုးလာနေပါပြီ။ ဒါက ဂျနရလ်မေးခွန်း အတွက် ဂျနရလ် အဖြေပါ။ ပါတိကူလာ မေးခွန်းတွေ နဲ့ အဖြေ တွေဆီ ဆက်ကြ ရအောင်ပါ။
(၁) တကယ်လို့ သူများလုပ်နေတဲ့စီးပွါးရေးလုပ်ငန်းမှာ ရှယ်ယာဝင်ပြီး အမြတ်အစွန်း ရယူတာမျိုးလုပ်နေမယ်ဆိုရင် အစ္စလာမ့်သွန်သင်ချက်နဲ့ ဘောင်ဝင်တယ်လို့ ယူဆပါသလား???

သူများလုပ်နေတဲ့စီးပွါးရေးဟာ ဘယ်လိုစီးပွါးရေးမျိုးလဲ? ဥပမာ-အရက်ထုတ်လုပ်ရေး ဆိုရင်တော့ ရင်းနှီးမြှုပ်နှံလို့ဘယ် ရမလဲ။ သူများစီးပွါးရေးက ရှရီအဟ်နဲ့ညီတဲ့ ထရေးဒင်း (သို့) ဆားဗစ် လုပ်ငန်း ဆိုရင်တော့ ရှယ်ယာ အနေနဲ့ ဝင်လို့ရတာပေါ့။ အနီးစပ်ဆုံး ဥပမာက ရှယ်ယာဟိုလ်ဒါတွေစုပေါင်း မတည်ထား တဲ့ကုမ္ပဏီမျိုးတွေပေါ့။ ဒါမှမဟုတ် ကိုယ်က ရှယ်ယာကြီးကြီးမားမား မတတ်နိုင်လို့ ကုမ္ပဏီကြီး တွေမှာ မထည့်နိုင်ရင်လည်း၊ လုပ်ငန်းသေးသေးလေးတွေမှာ ထည့်နိုင်တာပေါ့။ အရေးကြီးတာက ကိုယ် ရရှိမယ့် အမြတ်အစွန်းသည် ပေါစိတိဗ်လီး ဖိက်စ်ဒ် မဖြစ်ရဘူး။ ဥပမာ-လုပ်ငန်းကဘယ်လောက် မြတ်မြတ်၊ ဘယ်လောက်ရှုံးရှုံး၊ ကိုယ်ကတော့ ငွေ တစ်ရာထည့် ထားလို့လစဉ် ၁၀ % (သို့) တစ်ခုခု % ရ မယ် ဆိုတာ မျိုး။ မြတ်ရင်လည်းအချိုးကျ အမြတ်ယူမယ်၊ ရှုံးရင်လည်းအချိုး ကျကျခံမယ်ဆိုတာမျိုး ဆိုရင်တော့ ရတယ်လို့ကျွန်တော်မြင်ပါတယ်။ ထရေးဒင်း(ခေါ်) ကူးသန်းရောင်းဝယ်ရေးဖြစ်သွားပြီလေ။ ဆားဗစ်လုပ်ငန်းဆိုရင်လည်း ဒီလိုစံနဲ့ဘဲတိုင်းတာပြီး ရမရ အဖြေထုတ်နိုင်ပါတယ်။ ပရော်ဖစ် နဲ့ လော့စ် ရှယ်ရင်းဂ် ကိုအခြေခံတဲ့ ရင်းနှီးမှုတွေ ကို ကျွန်တော်တို့သာသနာကခွင့်ပြုထားရုံမက အားပေးထားပါတယ်။ ဒီလောက်ဆို မေးခွန်း (၁) အတွက် ရှင်းမယ် လို့ထင်ပါတယ်။ မရှင်းသေးရင်ထပ်မေးပါခင်ဗျား။

(၂) Xykon အခုနေနေတဲ့နေရာမှာရှိတဲ့ လုပ်ငန်းတမျိုးပါ။ အဲ့ဒီလုပ်ငန်းရဲ့ သဘောတရားကို အကျယ်ရှင်းပြပါ့မယ်နော် — Xykon အနေနဲ့ တလကိုအလုပ်လုပ်လို့ရတဲ့ ဝင်ငွေကနေပြီး ငွေအနည်းငယ်ကိုဖဲ့ဖဲ့ပြီး စုထားလို့ရပါတယ်။ တလကို ၁၀၀ဆိုကြပါစို့။ တောက်လျှောက်စုလာတဲ့ငွေကို သူတို့က လစဉ်လစဉ် အတိုးနှုန်းတခုနဲ့ အတိုးတွက်ပေးပါတယ် (၁၀% ဆိုကြပါစို့) အချိန်အတိုင်း အတာတခုရောက်တဲ့အခါ (၁၀နှစ်ကြာပြီးတဲ့ အခါဆိုကြပါစို့) အဲ့ဒီငွေအားလုံး (အတိုးရောအရင်းပါ) ကိုပြန်ပြီးထုတ်ယူလို့ရပါတယ်။ ကဲ Xykon
ကအဲ့ဒီစံနစ်ကိုကြိုက်လို့  ငွေစုမယ်။ အဲ ဘာသာရေးအရ မတရားအတိုး စားတယ်လို့ တစုံတယောက်က စွတ်စွဲပါပြီ။ Xykon အနေနဲ့ မှန်သလား မှားသလား မဆုံးဖြတ်တတ်တော့ဖူး။ ဘာသာရေးမှာ မတရားအတိုးစားခြင်းကိုပြော တာလို့ Xykon ကယူဆတာပေါ့နော်၊ ဒါပေမဲ့ ယနေ့ အစ္စလာမ်ဘာသာဝင် သူငယ်ချင်းအချို့က ဘဏ်မှာ ငွေစုပြီးရတဲ့အတိုးတောင်မသန့်ဖူး (မဂရူ မြန်မာစာလုံးပေါင်းမှန်/မှားမသိပါ) လို့ပြောပါ
တယ်။ အစ္စလာမ်မှာ ကိုယ့်အစွမ်းကိုယ့်အစနဲ့ရတဲ့ ပိုက်ဆံကလွဲလို့ ကျန်တာတွေက မစားထိုက်ဖူး လို့ပြောတာ လဲ ကြားဖူးပါတယ်။ ကဲ ဘဏ်မှာငွေစုပြီး ဘဏ်ကပေးတဲ့ အတိုးကိုစားသည် ဖြစ်စေ။ အခုနကပြောတဲ့လုပ်ငန်းမျိုးမှာ ငွေစုပြီး ရတဲ့အတိုးကိုစားသည်ဖြစ်စေ အစ္စလာမ် တယောက်အနေနဲ့ ဘာသာရေး တားမြစ်ချက်ကို ချိုးဖောက်တယ်လို့ ထင်ကြပါသလား??? မထင်ကြဖူးလား???

အစ္စလာမ် သာသနာ မှာ က “အတိုးစားခြင်း” ကို တားမြစ်ထားတာပါ။ မတရားအတိုးကြီးစား မှရယ်လို့ မဟုတ်ပါဘူး။ နည်းနည်းစားစား အများကြီးစားစား၊ အတိုးဟာအတိုးပါဘဲ။ “အတိုးစားခြင်း” = မတရားမှု လို့အစ္စလာမ် ကသင်ကြား ထားပါတယ်။ စိုင်ကွန် ပြောတဲ့ စနာရီယို က လုံးဝအတိအကျ အတိုးစားခြင်းပါဘဲ။ တစ်စုံတစ်ယောက်ကစွတ်စွဲသည်ဖြစ်စေ၊ မစွတ်စွဲသည် ဖြစ်စေ အလ္လာဟ် နဲ့ ရစူလ် ကတော့ ပြတ်ပြတ်သားသား တားမြစ်ပြီးသားပါ။ ဘဏ်မှာငွေ စုပြီး
ရတဲ့ အတိုးကို ဘယ်သူတွေက ဘယ်လို ရွှေညဏ်တော် စူးရောက်ပြီး “မက်ရူဟ်” လို့ပြောပြော၊ မပြောပြော၊ အတိုးဟာအတိုးပါဘဲ။ အလ္လာဟ် နဲ့ ရစူလ်ကတော့ ကြီးလေးတဲ့ အပြစ်လို့ ပြတ်သားစွာမိန့်ထားပြီးသားပါ။ဘဏ်မှာငွေစုတိုင်း အတိုးနဲ့မကင်း တာတော့ မဟုတ်ပါဘူး။ အတိုးကို မယူနဲ့ပေါ့။ ဒါမှမဟုတ်လည်း ဆားဗစ် ရှိတယ်ဆိုရင် ကားရဲန်တ်အကောင့်တ် ဖွင့်၊ ဘဏ်ကိုကျသင့်တဲ့ ဝန်ဆောင်ခပေးလိုက်ပေါ့။ ရှင်းရှင်းလေးပါ။ စိုင်ကွန်ပြောတဲ့ အလုပ်မျိုးမှာစိုင်ကွန်ပြောတဲ့ပုံစံမျိုး နဲ့ ငွေစုတာရယ်၊ ငွေစုဘဏ် က ရတဲ့ အတိုးကို ယူတာရယ် လုပ်တဲ့ မုစ်လင်မ် မျိုးကတော့ဘာသာရေးတားမြစ်ချက်ကိုချိုးဖောက်နေတာအတိအ
ကျပါ။

(၃) အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့ ပိုက်ဆံရှိလို့ ဘဏ်လုပ်ငန်းလို့ ယနေ့ခေါ်နေကြတဲ့ ငွေကြေးကြားခံဆောင်ရွက်ပေးပြီး အမြတ်အစွန်း
ရယူတဲ့ စီးပွါးရေးလုပ်ငန်းကို တည်ထောင်လုပ်ကိုင်မယ်ဆိုပါက အတိုးကို မလွဲမသွေတွေ့ကြုံရတော့မှာပါ။ အဲ့ဒါမျိုးဆိုရင် ဘာသာရေးတားမြစ်ချက်ကို ချိုးဖောက်တယ်လို့ ထင်ကြပါသလား??? မထင်ကြဖူးလား???

အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့ ပိုက်ဆံရှိလို့ ဘဏ်လုပ်ငန်း လုပ်ချင်ရင် အစ္စလာမစ် ဘဲန်ကင်းဂ် ကိုသေချာလေ့လာပြီး အစ္စလာမစ်ဘဏ် တည်ထောင်လုပ်ကိုင်လို့ရပါတယ်။ လုပ်လည်းလုပ်သင့်ပါတယ်။ အတိုးဆိုတာ လုံးဝ မပါဘဲလည်းပရော်ဖိတေးဘလ် ဘဏ် တစ်ခုဖြစ်နိုင်ပါတယ်။ ကမ္ဘာမှာအစ္စလာမစ်ဘဏ် စနစ်တွေနဲ့က ဘဏ်တွေ ပေါ်ပေါက်ခဲ့တာ အတော်ကြာနေပြီစိုင်ကွန် ရေ။ စိုင်ကွန် ကအဲဒီ အင်ဖော်မေးရှင်းန်နဲ့ နည်းနည်းဝေးနေတယ်ထင်တယ်။ စိုင်ကွန်စိတ်ဝင်စားရင် ပထမဆုံးအနေနဲ့ Islamic Development Bank (IDB) ရဲ့ structure, operation စတာတွေကို လေ့လာကြည့်ပါလို့ အကြံပြုချင်ပါတယ်ခင်ဗျား။

လေးစားပါတယ်ခင်ဗျာ
The Sage

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a comment

Blog at WordPress.com.