မွတ်စ်လင်မ့် "အသိ"

August 19, 2009

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၃)

Filed under: ဆွိယာမ်,လမြတ်ရမသွာန် — The Sage @ 1:03 pm

အောက်ကပို့စ်မှာ ရမသွာန် ၊ဆွိယာမ် ရဲ့ ထူးမြတ်မှု ကို ဖော်ကျူးထားတဲ့ ဆွဟီးဟ်ဗုခါရီလာ ကိုယ်တော်မြတ် ရဲ့ရွှေနှုတ်တော်ထွက် ဟဒီးစ် ဩဝါဒတော် ၃ ပုဒ် ကို
တင်ပြခဲ့ပါတယ်။ ယခုပို့စ် မှာတော့ ဆွဟီးဟ် မုစ်လင်မ်ကျမ်းလာ ဟဒီးစ်တော် ၃ ပုဒ်ကို တင်ပြပေးပါ့မယ် ခင်ဗျား ။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ “ရမသွာန်လမြတ် ရောက်သည့်အခါမဟာကရုဏာတော် တံခါးများသည် ဖွင့်လှစ်ခြင်း
ခံရပြီး၊ ငရဲ တံခါးများ သည် ပိတ်ပစ်ခြင်းခံရလေသည်။ ၎င်းပြင် မိစ္ဆာကောင်များသည် ခြေကျင်းခတ်ခြင်းခံကြရလေသည်။”

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် မုစ်လင်မ်၊ ကျမ်းငယ် (၆) ဆွိယာမ် ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၂၃၆၁)။

အလ္လာဟ်အရှင်မြတ် ရဲ့ မဟာကရုဏာတော်ဟာ အဖန်ဆင်းခံတွေအပေါ် အမြဲကျရောက်နေ တာပါ။ ဒီဟဒီးစ်တော်မှာ ပါတဲ့ “မဟာကရုဏာတော် တံခါးများ” ဆိုတာ
ဂျန္နဟ် ရဲ့ တံခါးတွေကို ဆိုလိုတယ်လို့ယူဆနိုင်ပါတယ်။ မိစ္ဆာကောင် ဆိုတာက ဂျင်န်အနွယ် ရှိုင်သွာန် တွေကိုပြောတာပါ။ ဂျင်န်အနွယ် ရှိုင်သွာန်ကောင်တွေ အချုပ်
ခံရ ပေမယ့် သူတို့ရဲ့ မိတ်ဆွေရောင်းရင်းတွေဖြစ်တဲ့ လူရှိုင်သွာန်တွေကရမသွာန် လမှာ ပိုပြီးထကြွ တတ်ပါတယ်။ အဲဒါကို သတိထားဖို့လိုပါတယ်။

ဒုတိယ ဟဒီးစ် တော်တစ်ပုဒ်ကတော့………..

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ “အလ္လာဟ်အရှင်မြတ် ၏ လမ်းတော် တွင်(အလ္လာဟ်အရှင်မြတ် အတွက်ရည်စူး၍) ဆောင်မ်
တစ်ရက်ဆောက်တည်သူအတွက်အလ္လာဟ်အရှင်မြတ်က ထိုသူရဲ့ မျက်နှာ ကို ငရဲမီးနှင့် (ဂျဟန္နမ်နှင့်) နှစ်ပေါင်း ခုနှစ်ဆယ် နှင်ရသည့် အကွာအဝေး၌
ထားတော်မူမည်”။

ဆင့်ပြန်သူ-အဗူစအီးဒ် ခုဒ်ရီ (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် မုစ်လင်မ်၊ ကျမ်းငယ် (၆) ဆွိယာမ် ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၂၅၇၂)။

တစ်ရက် ဆောင်မ် ဆောက်တည် ရုံ နဲ့ ငရဲမီး နဲ့ နှစ်ပေါင်း ခုနှစ်ဆယ် အကွာအဝေးမှာ ထားတော်မူမယ်ဆိုရင်၊ ရက်ပေါင်း (၃၀) (သို့) (၂၉) ဆိုရင် နှစ်ပေါင်း ၂၁၀၀
(သို့) ၂၀၃၀ ပါ။ သို့သော် ဆွိယာမ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့တော့ အတိအကျ ကိုက်ညီ ရပါ့မယ်။ ချွတ်ယွင်းချက် တွေနဲ့ ဆွိယာမ် (ဥပမာ-ဆောင်မ် ဆောက်တည်ပြီး
အတင်းပြောခြင်း၊ဆဲဆိုခြင်း၊ဒေါသထွက်ခြင်း) မဖြစ်ဖို့တော့လိုတယ်လို့ ယူဆပါတယ်။

ခုတစ်ခါတင်ပြမှာက တတိယမြောက်ဟဒီးစ်တော်ပါ။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ “ဂျန္နဟ် သုခဘုံ ဥယျာဉ်တွင် ရေယန် မည်သောတံခါးပေါက်ရှိ၏။ ဆွိယာမ်ဆောက်တည်သူများ
မှအပ အခြားမည်သူမျှ ကိယာမဟ် နေ့တွင် ထိုတံခါးပေါက်မှဝင်ခွင့်ရကြမည်မဟုတ် (ဆွိယာမ်ဆောက်တည် သူများအတွက် သီးသန့်တံခါး ဖြစ်၏)၊ ထိုနေ့
တွင် “ဆွိယာမ်ဆောက် တည် သူများအဘယ်သို့ ရောက်နေကြသနည်း။ ဤ တံခါးမှ ဝင်ကြရန်ဖြစ်သည်”(ဆွိယာမ်ဆောက်တည် သူများ ဤတံခါးမှ ဝင်ကြ)။
ဆွိယာမ်ဆောက်တည် သူများ အနက်မှ နောက်ဆုံး လူ ဝင်ရောက်ပြီးသည့် အခါ ထိုတံခါးသည် ပိတ်သွားမည်ဖြစ်ပြီး အခြားမည်သူမျှ ထိုတံခါး မှ ဝင်ကြရ
မည်မဟုတ်ပေ။”

ဆင့်ပြန်သူ-စဟလ် ဘင်န် စအဒ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် မုစ်လင်မ်၊ ကျမ်းငယ် (၆) ဆွိယာမ် ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၂၅၆၉)။

ညီအစ်ကိုတော် ညီအစ်မတော် အားလုံး အထက်ပါဟဒီးစ်တော်မှာ ညွန်းထားတဲ့ "ဆွာအင်မ် များအတွက်သာ"ဆိုတဲ့ ရေယန် တံခါးပေါက်ကနေ ဝင်ခွင့် ရရှိကြပါစေ လို့
အလ္လာဟ်အရှင်မြတ် ထံတော်ပါးမှာ ဆုမွန်ကောင်းတောင်းရင်း……….. ခဏနားပါဦးမည်ခင်ဗျား။

လေးစားပါတယ်ဗျာ
The Sage

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a comment

Blog at WordPress.com.